နန္ဒဝန်ဈေးတွင်ရောင်းချနေသော ဇရစ်ရိုးဈေးနှုန်း

  ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်ငယ် တစ်မျိုးဖြစ်ပြီး အရွက်နှင့် အရိုးတံပါ(၂) မျိုး စလုံး စား၍ရသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကျေးရွာများတွင် စိမ့်စမ်းရေမှ ဖြစ်ပေါ်လာပြီး စမ်းချောင်းငယ်များ၊ စိုစွတ်သော မြေများတွင် ဇရစ်ရိုးပင်များ ပေါများစွာ ပေါက်ရောက်ကြပါ သည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပြီး ယခုနွေရာသီတွင် ဇရစ်ရိုးများ ရှားပါးလာပါသည်။ နွေရာသီ ဇရစ်ရိုးများပေါ်ချိန်တွင် ဇရစ်ရိုးပင်မှ ဇရစ်ရိုးနုများကို ဒေသခံများက မိသားစု ဝင်ငွေရရှိရေးအတွက် ခူး၍ ပြန်လည်ရောင်းချကြပါသည်။ နွေရာသီ ဖြစ်သည့်အတွက် ဇရစ်ရိုးများတစ်စည်းလျှင် (၃၀၀-၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)