ဖရုံသခွား (ခေါ်) Zucchini

Powered by Drupal
Tue, 05/09/2023 - 10:45 -- consumer_admin

     Zucchini သည် မြန်မာဘာသာစကားအရ "ဖရုံသခွား"ဟု ခေါ်ဆိုကြပါသည်။  Zucchini သည် သမိုင်းထက် နှစ်ပေါင်း (၁၂၀၀၀) ခန့်ကတည်ရှိနေခဲ့ပြီး ရှေးဟောင်းသုတေသနအထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀) လောက်အထိပြန်ဖြစ်နိုင်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များကဖော်ပြထားပါသည်။ တခြားနိုင်ငံရှိ ဥရောပနိုင်ငံအလယ်ပိုင်းတွင် နှစ်စဉ် ဧပြီလ (၂၅) ရက်နေ့သည် "Zucchini စားသုံးသည့်နေ့"ဟု ကျင်းပခဲ့ကြပါသည်။ Zucchini သည် အီတလီနိုင်ငံသို့မရောက်မီ နှစ်ထောင်ပေါင်းများစွာ မက္ကဆီကိုနိုင်ငံမှထွက်ရှိသည်ဟု သီအိုရီများစွာကအဆိုပြုခဲ့ကြပါသည်။ မြန်မာနိုင်ငံရှိ ဈေးကွက်အတွင်းရောင်းချသည်ကို အနည်းငယ်တွေ့မြင်ကြရမည်ဖြစ်ပါသည်။ Zucchini သည် အနွယ်ပင်ကဲ့သို့သော အပင်မျိုးမဟုတ်ဘဲ အပင်ပုတစ်မျိုးပင်ဖြစ်ပါသည်။ Zucchini သည် အရှည်နှင့်အဝိုင်း(၂)မျိုးရှိပါသည်။ အရှည်ကို မြန်မာနိုင်ငံတွင် ပိုမိုစိုက်ပျိုးထုတ်လုပ်လေ့ရှိကြပါသည်။ Zucchini သည် စိုက်ပျိုးရန်လွယ်ကူသောဟင်းသီးဟင်းရွက်ဖြစ်သောကြောင့်  စိုက်ပျိုးထုတ်လုပ်မှုမှာ မြေတွင်ချပြီးစိုက်ပျိုးရသကဲ့သို့ အလှပန်းအိုးအဖြစ်လည်းစိုက်ပျိုးရပြီး ရေအဖြစ်နှင့်လည်း စိုက်ပျိုးရပါသည်။ Zucchini သည် ရိုးရိုးဒေသဖရုံသီးနှင့်တူသကဲ့သို့ နူးညံ့ပျော့ပြောင်းသည့်အတွက် ပိုပြီးဂရုစိုက်စိုက်ပျိုးရပါသည်။ Zucchini ကို အစာသွပ်၍ပေါင်းစားသော်လည်းကောင်း၊ အသားနှင့်ကြော်စား၍လည်းကောင်း၊ ဟင်းရည်ကဲ့သို့ အရည်သောက်ချက်၍သော်လည်းကောင်း၊ သားသတ်လွတ်ကြော်စား၍သော်လည်းကောင်း၊ ပေါင်မုန့်တွင် အစာသွပ်ကဲ့သို့ ထည့်၍သော်လည်းကောင်း၊ အချဉ်ဟင်းကဲ့သို့ ချက်သောက်၍သော်လည်းကောင်း စသည့်အမျိုးမျိုးအဖုံဖုံသောချက်နည်းဖြင့် ပြုလုပ်စားသုံးလေ့ရှိကြပါသည်။ Zucchini ၏ အကျိုးသက်ရောက်မှုများမှာ ကိုယ်အလေးချိန်ကျဆင်းမှုကိုကာကွယ်ပေးခြင်း၊ အဆစ်အမြစ်ရောင်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ဓာတ်မတည့်မှုကိုတိုက်ဖျက်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းထားပေးခြင်း၊ သဘာဝအတိုင်း ဝမ်းနုတ်ပေးခြင်း၊ ဆီးကျိတ်ရောဂါမှကာကွယ်ပေးခြင်း၊ ဆန်သတ္ထုဓာတ်ကြွယ်ဝစွာပါဝင်ခြင်း၊ အမြင်အာရုံအားကောင်းစေခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော တခြားရွေးချယ်စရာတစ်ခုအနေဖြင့် ပြုလုပ်စားသုံးနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကယား)