ဒီဇင်ဘာလအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်း မလေးရှား လျှော့ချ

   မလေးရှားနိုင်ငံ အနေဖြင့် ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြောင်းလဲမှုမရှိ စေဘဲ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို လျှော့ချလိုက်သည် ဟု မလေးရှား စားအုန်းဆီ ကြီးကြပ်မှုအဖွဲ့ (MPOB) က ၎င်း၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၁ ရက်၌ ဖော်ပြခဲ့သည်။

    ၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၄၃၂၃.၇၈ ရင်းဂစ်နှုန်း သတ်မှတ်ထားရာမှ ဒီဇင်ဘာလအတွက် တစ်တန်လျှင် ၄၂၅၉.၇၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၁၀၄၆.၁၀) နှုန်းသို့ လျှော့ချသတ်မှတ်ခြင်းဖြစ်သော်လည်း အမြင့်ဆုံး ပို့ကုန် အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံ၏ ပို့ကုန်အပေါ် အခွန်စည်းကြပ်မှုစနစ်သည် စားအုန်းဆီကြမ်း တစ်တန်၏ ဈေးနှုန်းသည် ရင်းဂစ်ငွေ ၂၂၅၀ မှ ၂၄၀၀ အတွင်းဖြစ်ပါက အနိမ့်ဆုံး ပို့ကုန်အခွန်နှုန်းကို ၃ ရာခိုင် နှုန်းမှ စတင်ကောက်ခံခြင်းဖြစ်ကြောင်း၊ တစ်တန်လျှင် ရင်းဂစ် ၄၀၅၀ အထက်ဖြစ်ပါက အမြင့်ဆုံး အခွန်စည်းကြပ်မှုနှုန်းထား ၁၀ ရာခိုင်နှုန်းဖြင့် ကောက်ခံကြောင်း သိရှရသည်။

Source: New Straits Times, November 11, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)