ဖြေရှင်းဆောင်ရွက်ပေးမှုများ

      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် အစားအသောက်ပို့ဆောင်ရေး App တစ်ခု မှ Order မှာရန် Order တန်ဖိုး ငွေ ကျပ် ၃၆,၁၅၀/- အား Online Payment ဖြင့် ပေးချေရာတွင် Payment successful မပြသဖြင့် နေ့ခင်း(၁၂း၀၅)တွင် Cancel ပြုလုပ်ခဲ့ရာ Order Cancel ဖြစ်သွားသော်လည်း Online Payment မှ ငွေဖြတ် တောက်သွားသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

          ၂၀.၈.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ အဝေးပြေးကားဂိတ်တစ်ခုမှ ရန်ကုန်သို့ ဒေသထွက်အစား အသောက်ပါသည့် ပီနံတစ်အိတ်ပေးပို့သည်ကို တန်ဆာခ ၄၅၀၀၀ အထိ အဆမတန် တောင်းခံခဲ့သည့်အတွက် ကျေနပ်မှုမရှိပါ၍ ဖြေရှင်းပေးပါရန် စားသုံးသူရေးရာ ဦးစီးဌာနသို့ Website Complaint System တိုင်ကြားလာခဲ့ပါသည်။

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု  ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍သော်လည်းကောင်း စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် Wifi ကုမ္ပဏီတစ်ခုမှ Internet ftth 20 Mbps အား (၃)လစာ ငွေကျပ် ၇၅,၀၀၀/-ဖြင့် ယူထားသော်လည်း 4 Mbps သာတက်ခြင်း၊ Call Center သို့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ပြောကြားရာ စက်အား ဖွင့်လိုက်/ ပိတ်လိုက် လုပ်ရန်ပြောကြားသော်လည်း အဆင်ပြေမှုမရှိပါသဖြင့် စား သုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင် ကြားသူ တစ်ဦးသည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ App မှ Flexi Card  အား ငွေကျပ် ၃၅,၀၀၀/- ဖြင့် ဝယ်ယူခဲ့ရာ ပေးပို့လာခြင်း မရှိသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် သွားဆေးခန်းတစ်ခုတွင် အံကပ်နှင့် သွားအစွပ် ပြုလုပ်ရာ ကျသင့်ငွေကျပ် ၁၇,၅၀၀,၀၀၀/- တွင် စရံငွေကျပ် ၅,၀၀၀,၀၀၀/- ပေးအပ်ပြီးနောက် အခြားဆေးခန်းများတွင် ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးနှုန်းများ အဆမတန်ကွာခြားမှုရှိနေသောကြောင့် အံကပ်နှင့် သွားအစွပ်ပြုလုပ်လိုခြင်းမရှိသဖြင့် စရံငွေပေး အပ်ထားသည့်အတွင်းမှ စမ်းသပ်ခနှုတ်ယူ၍ ကျန်ငွေများအား ပြန်လည်ရယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင် ကြားလာပါသည်။

          မော်လမြိုင်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက Wifi ကုမ္ပဏီတစ်ခုထံမှ Wifi ၆ လစာ စာချုပ်ချုပ်၍ အသုံးပြုလျက်ရှိရာ အဆိုပါ Wifi မှာ (၃.၆.၂၀၂၆) ရက်နေ့မှစ၍ (၃၀.၆.၂၀၂၆) ရက်နေ့အထိ ပြတ်တောက်နေသော်လည်း လာရောက်ဖြေရှင်းပေးမှုမရှိခြင်း၊ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ခြင်း၊ ရုံးသို့သွားရောက် မေးမြန်းသော်လည်း တိကျသေချာစွာ ဖြေရှင်းပေးမှု မရှိခြင်းတို့ကြောင့် ကျေနပ်မှုမရှိပါ၍ ဖြေရှင်းပေးပါရန်

      စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့မှ တိုင်ကြားသူ သည် မန္တလေးမြို့ရှိ ကားပစ္စည်းနှင့်ထွန်စက်ပစ္စည်းဆိုင်မှ ပစ္စည်းများကို ကျပ်သိန်း (၃၇၀)ကျော်ဖိုး ဖုန်းဖြင့် မှာယူဝယ်ယူခဲ့ရာ ပစ္စည်းအချို့သာရရှိပြီး အကုန် မရရှိခဲ့မှုအပေါ် ဆိုင်ဘက