မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများ
မိုးရာသီတွင် သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီ ဥတုမျှတရေးအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးသစ်ပင်စိုက်ပျိုးချိန်ဖြစ်ပါသည်။ အပင်ရှင်သန်နှုန်းမြင့်မားခြင်း မိုးရေချိန်လုံလောက်စွာ ရရှိသည့်အတွက်အပင်ငယ်များ ရေငတ်ခြင်းမှကင်းဝေးပြီး အမြစ်တွယ် လွယ်စေပါသည်။ ရေလောင်းရန်လိုအပ်ချက်နည်းပါသဖြင့် စိုက်ပျိုးရ ပိုမိုလွယ်ကူ ပါသည်။ စိုစွတ်သော မြေဆီလွှာကြောင့် သစ်ပင်၏အမြစ်များသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဖွံ့ဖြိုးနိုင်ကြပါသည်။ မြေဆီလွှာတိုက်စားမှုတားဆီးခြင်း မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် သစ်ပင်၏အမြစ်များက မြေဆီလွှာကို ဆုပ်ကိုင် ထားပြီး မိုးရေနှင့်အတူ မျောပါသွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ သစ်ပင်များသည် သဘာဝရေ စုတ်ယူစက် ကဲ့သို့ မိုးရေများကိုစုတ်ယူထိန်းသိမ်းပေးသဖြင့် ရေကြီးရေလျှံမှုဓာတ်ကို သက်သာစေပါသည်။ ရာသီဥတုနှင့်လေထုသန့်စင်ရေး သစ်ပင်များသည် လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုတ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသဖြင့် ကမ္ဘာ့အပူချိန် မြင့်တက်မှုကို သက်သာစေပါသည်။ အသီးအနှံနှင့် သစ်တောထွက်ပစ္စည်းရရှိခြင်း စိုက်ပျိုးထားသော သစ်သီးပင်များနှင့် သစ်မာပင်များမှ အနာဂတ်တွင် အစားအစာနှင့် စီးပွားရေးအကျိုးအမြတ်ရရှိနိုင်ပါသည်။ အရိပ်အာဝါသ ရရှိခြင်း စိမ်းလန်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ပူးပြင်းသည့် ရာသီများတွင် အေးမြသည့် အရိပ်အာဝါသကို ရရှိစေပါသည်။ ဂရုပြုရန်အချက်များ မိုးရာသီ သစ်ပင်စိုက်ပျိုးရာတွင် ရေဝပ်ပါက အမြစ်ပုပ်နိုင်သဖြင့် ရေနုတ်မြောင်း ကောင်းမွန်စွာ ပြုလုပ်ပေးရပါသည်။ လေပြင်းတိုက်ခတ်ချိန်တွင် အပင်ငယ်များ လဲကျမသွားစေရန် ပင်ထောက်များ စနစ်တကျစိုက်ထူပေးရန် လိုအပ်ပါကြောင်း လေ့လာမှုများအား ရေးသားတင် ပြလိုက်ရပါသည်။ DOCA(ပဲခူး)
- Log in to post comments

















