ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင် ၃၃ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၄ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၇၅ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅၂ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရေးအတွက် ဆန်၊ ဆန်ကွဲ၊ ကော်ဖီစေ့၊ ငရုပ်သီး၊ နှမ်းနက် (သိပ္ပံ)၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲ၊ ပဲယင်း၊ ပဲလွန်း၊ ပဲစဉ်းငုံ တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံ ဓာတုနှင့် ရူပအရည် အသွေးစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှု အနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၃၅ ခု၊ မှိုဆိပ်ဓာတ်ခွဲခန်းမှ ၇ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၈၈ ခု၊ သီးနှံဓာတုဓာတ်ခွဲခန်းမှ ၁၇ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၅ ခု၊ စုစုပေါင်း ၁၅၂ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

















