ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး
ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်မှ တာဝန်ရှိသူ ဝန်ထမ်း(၂)ဦးတို့သည် မအူပင်မြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူမှ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော စားသုံးဆန်များအား သတ်မှတ်ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(MyRo)- www.myro.com.mmတွင်မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြား ကာ လုပ်ငန်းရှင်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့်ရောင်းချနိုင်ရေးပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီ(DOCA)

















