ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာရှိ ဆီစာအုပ်ပြုလုပ်ပြီးစီးမှုအားကွင်းဆင်းစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့် ဝန်ထမ်း တို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၃) ရက်နေ့ ၊ နံနက် (9:00) နာရီအချိန်တွင် ဒေါင့်ကြီးကျေးရွာရှိ ဆီစာအုပ်ပြုလုပ်ပြီးစီးမှုအား ဆင်းစစ်ဆေး ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ထောင်စုများထံသို့ စားအုန်းဆီ တစ်လလျှင် အိမ်ထောင်စု တစ်စု ရရှိနိုင်သည့် ပိဿာ၊ ကျပ်သားပမာဏကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရန်နှင့် ကျေးရွာအုပ်စုအတွင်း ဆီစာအုပ်ပြုလုပ်ရန် ကျန်ရှိသည့် အိမ်ထောင်စုများကိုလည်း ဆီစာအုပ်များ ပြုလုပ်ကြရန်၊ ဆီစာအုပ်များကို အိမ်ထောင်စုများအားပြုလုပ်ပြီး တစ်လပျမ်းမျှရရှိမည့် အရေအတွက် ကိုလည်း ရရှိနိုင်ရန်နှင့် အချိန်အတွယ် ပြည့်မှီအောင်ရောင်းချပေးရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။(DOCA) ဧရာဝတီ

















