ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အသိပညာပေး စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင် ၊မြန်အောင် မြို

        ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အသိပညာပေး စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင် ၊မြန်အောင် မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရုံးခန်း၌ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းအောင်က ၂၀၁၅ ခုနှစ် စားသုံးသူကာကွယ် ရေးဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။ တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များတာဝန်ယူဆောင်ရွက်ရမည့်စားသုံးသူကိုခွဲခြားမှုမရှိဘဲစီးပွား ရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန် ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မျတ်ထားသည့်အရည်အသွေးစံသတ်မှတ်ချက် များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ အာမခံကာလအတွင်း ပျက်စီးဆုံးရှုံးမှုအတွက်တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်းကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက် ဖြစ်စေ ဖော်ပြရမည့် သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိ ပေးချက်များ၊ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်များကို သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသောစသည်တို့ကိုအသိပညာပေးဟောပြောခဲ့သည်ဟုသ တင်းရရှိပါသည်။

 DOCA ဧရာဝတီ