မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု အခြေအနေအားကွင်းဆင်းစစ်ဆေ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည်(၁၉.၁၀.၂၀၂၆)ရက်နေ့ နံနက် (၁၁;၀၀) နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး တွင်ဆီစာအုပ်ဖြင့်ဖြန့်ဝေပေးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသောစားသုံးဆီ ဝယ်ယူခွင့်စာအုပ်များဖြင့်ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသော နှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန် ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုင်ရှင်များအားရှင်း လင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
(DOCA ဧရာဝတီ)

















