ပြည်တွင်းဆီစက်သုံးစွဲမှုများလာခြင်း နှင့် ပြည်ပအဝယ်လိုက်ခြင်းကြောင့် နှမ်းဈေးနှုန်းများသိသိသာသာမြင့်တက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်း ဈေးနှုန်း များမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် နှမ်းနက်(စမုံ)တစ်တင်း (၁၅) ပိဿာလျှင် ကျပ်(၁၈၅၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၅၂၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ် (၁၅၂၅၀၀) ၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၃၄၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ ယခင်လ ဈေးနှုန်းနှိုင်းယှဉ်ပါကကျပ်(၁၀၀၀၀-၂၀၀၀၀)ဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက် သွားသည် ကိုတွေ့ရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ ဆီထွက်သီးနှံကဏ္ဍတွင် အလွန်အရေးပါသောနှမ်းဈေးနှုန်းများ မြင့်တက်လာခြင်းမှာ အထူးသဖြင့် နှမ်းနက် (စမုံ)နှင့် အရည်အသွေးမြင့် အက်ဆစ် လွတ်နှမ်းများကို တရုတ်ကုန်သည်များကအဝယ်လိုက်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ကုန်စည် ဒိုင်များသို့ ကုန်အဝင်နည်းသော်လည်း ဝယ်လိုအားရှိနေခြင်း၊ စားအုန်းဆီဈေးနှုန်းမြင့်တက် လာမှု ကြောင့် ပြည်တွင်းရှိဆီစက်ပိုင်ရှင်များနှင့် စားသုံးသူများက ပြည်တွင်းဖြစ်နှမ်းဆီ၊ မြေပဲဆီများဘက် သို့ ဝယ်လိုအား ပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် နှမ်းဈေးနှုန်းများသိသိသာသာ မြင့်တက် လာခြင်းဖြစ်သည်။
လာမည့်ရာသီတွင် ပြည်ပ(တရုတ်)နိုင်ငံ၏ နှမ်းဝယ်လိုအားသည် ဆက်လက်တည်ရှိနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နှမ်းဆီသန့်စားသုံးမှုမြင့်တက်လာခြင်း၊ သွင်းကုန်ဆီအကန့်အသတ် ရှိခြင်းကြောင့် ပြည်တွင်းဆီစက်သမားများက အဝယ်လိုက်ခြင်း၊ ဓာတုကင်းစင်ပြီး အက်ဆစ်လွတ် အရည်အသွေးမြင့်နှမ်းနက်(စမုံ)များသည် ဈေးကောင်းဆက်ရနိုင်သည်။ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးအနည်းငယ်ပြန်အေးသွားနိုင်သော်လည်း၊ ပြည်ပဝယ်လိုအားကောင်းမွန်နေသရွေ့ ဈေးကွက် သည်အမြင့်ဈေးတွင် ဆက်လက်တည်ငြိမ်နိုင်သည့်အလားအလာရှိသည်ဟု ကုန်သည်များ၏သုံးသပ် ချက်အရ သိရှိရပါသည်။
DOCA(မကွေး)

















