ပြည်မြို့တွင် အရောင်းသွက်သည့် (Pipe Claner)
ပြည်မြို့တွင် Pipe Cleaner ဖြင့် ပြုလုပ်ထားသော အရုပ်အမျိုးမျိုးနှင့် ပန်းပွင့်၊ တိရစ္ဆာန်ရုပ်များ၊ ကလစ်မျိုးစုံ ဈေးကွက်အတွင်း အရောင်းသွက်နေကြောင်းသိရှိရပါသည်။ ပိုက်ကလင်ဒါ (Pipe Cleaner)ဆိုသည်မှာ အလယ်တွင်ဝါယာကြိုး(သို့မဟုတ်)ပျော့ပြောင်းသောသံကြိုးပါရှိပြီးအပြင်ဘက်ကိုသိုးမွှေး၊နိုင်လွန် သို့မဟုတ် ချည်မျှင်တို့ဖြင့် ဖုံးအုပ်ထားသည့် လက်မှု ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ မူလက ဆေးတံသန့်စင်ရန် သုံးသော်လည်း ယခုအခါ အရောင်စုံဖြင့် လက်မှု အနုပညာနှင့် DIY လက်ရာများ ဖန်တီးရာတွင် အဓိကအသုံးပြုကြောင်း သိရသည်။ ပိုက်ကလင်ဒါ (Pipe Cleaner)၏ အဓိက အင်္ဂါရပ်များနှင့် အသုံးပြုပုံများမှာ ပုံစံအမျိုးမျိုး ပြုလုပ်နိုင်ခြင်း၊ ကွေးညွတ်ရန်လွယ်ကူသဖြင့် အလိုရှိရာ ပုံသဏ္ဍာန်ကို စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ ပိုက်ကလင်ဒါ (Pipe Cleaner)များသည် ပုံစံသွင်းရလွယ်ကူခြင်း၊ အရောင်စုံလင်ခြင်း၊ အသုံးပြုရ လွယ်ကူခြင်းတို့ကြောင့် ကလေးငယ်များမှသည် လူကြီးများအထိ အလွယ်တကူ လုပ်ဆောင်နိုင် ပါသည်။ အသုံးဝင်ပုံများမာ ပန်းများပြုလုပ်ရာတွင် နှင်းဆီ၊ သစ်ခွနှင့် ကြာပန်း စသည့် အလှဆင် ပန်းအမျိုးမျိုး ဖန်တီးနိုင်သလို အရုပ်များနှင့် အသုံးဆောင်ပစ္စည်းများဖြစ်သော တိရစ္ဆာန်ရုပ်၊ သော့တွဲ နှင့် ခေါင်းစည်းကြိုး အလှဆင်ပစ္စည်းများအပြင် ကျောင်းသုံးနှင့် အနုပညာလက်ရာများနှင့် ကျောင်းသားကျောင်းသူများ၏ လက်မှုအလုပ်များအတွက် အဓိကအသုံးပြုကြသည်။ပြည်ဈေးကွက်တွင် ရောင်းချနေသော ပိုက်ကလင်ဒါ (Pipe Cleaner)ဈေးနှုန်းများမှာ အချောင်း (၁၀၀)တစ်စည်း လျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

















