မကျည်းသီး ဈေးနှုန်းဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်၂၀၂၅ခု၊ ဧပြီလတွင် မကျည်းသီးမှည့်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မကျည်းသီးမှည့် စတင်ထွက်ရှိချိန် အထွက်နှုန်းနည်းသည့်အတွက် တစ်ကြိမ်ခူးဆွတ်ပါကတစ်တင်း၊ တစ်တင်းခွဲခန့်သာထွက်ရှိ ကြောင်း သိရပါသည်။

   မကျည်းသီးကို ဟင်းထဲထည့်ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေး အဖြစ်လဲ စားသုံးကြ ပါသည်။မကျည်းသီးက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အသီးတွေ၊ အစားအစာ တွေထဲမှာ နာမည်ကြီးတဲ့ အသီးတစ်မျိုးဖြစ်ပြီး မကျည်းသီးမှာ အမျှင်ဓာတ်တွေများများ ပါဝင် တာကြောင့် မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင် အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါသည်။ အစာမြန်မြန်ကြေ လွယ်အောင်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်း တွေ ကင်းစေပါသည်။

   ယခုနှစ်ဧပြီလ မကျည်းသီးမှည့်ပေါ်ချိန်တွင် အခွံပါ တစ်ပိဿာ လက်လီ (၃၅၀၀) ကျပ်၊ (အခွံမပါ) တစ်ပိဿာ လက်လီ (၅၀၀၀)ကျပ်၊ လက္ကား (၄၅၀၀)ကျပ်၊ (အစေ့မပါ) တစ်ပိဿာ လက်လီ (၉၅၀၀)ကျပ်၊ လက္ကား (၈၅၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်း မကျည်းသီး‌ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)