ကျွန်းလှမြို့နယ်ရှိ ကွမ်းသီး၊ ကွမ်းရွက် ဈေးကွက်

၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကျွန်းလှမြို့နယ်၏ ကွမ်းရွက်ဈေးနှုန်း များအနေဖြင့် ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကွမ်း ရွက်(ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ အရည်အသွေးပေါ် မူတည်၍ ကွမ်းသီးစိတ်(ရှယ်) တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ် (လတ်) တစ်ပိဿာလျှင် (၃၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကွမ်းသီးစိတ်များကို ကွမ်းယာဆိုင်များမှ အဓိက ဝယ်ယူကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)