ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များအား အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့သည့် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် စားသုံးသူများ နားလည်မှုလွဲမှားစေနိုင်သည့်အတွက် ဈေးကွက်အတွင်း အဆိုပါကုန်စည်များ ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိ/ မရှိကို အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နတ်တလင်းမြို့ပေါ်ဈေးကွက်အတွင်း ရောင်းချနေသောကုန်မျိုးစုံအရောင်းဆိုင်များတွင် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများရောင်းချခြင်းရှိ/ မရှိနှင့် ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)