Main menu

“ ကွမ်းခြံကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဦးစားပေးကုန်စည်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအားစစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချနေသော ကုန်ခြောက်ဆိုင်များဖြစ်သည့် ဦးအောင်ပု-၂(ကုန်မျိုးစုံရောင်းဝယ်ရေး)၊ မခိုင်(ကုန်မျိုးစုံရောင်းဝယ် ရေး)၊ ဒေါ်ကျင်ဆန်း(ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တို့တွင် Yum Yum (အသင့်စားနန်ပြားခေါက်ဆွဲ)၊ Jumbo (ပုစွန်ချဉ်စပ်အရသာ)၊ Wah Lah အုန်းနို့ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲခြောက်ထုပ်များ၊ ဦးဦးခေါက်ဆွဲခြောက်နှင့် ထပ်ကီးကြက်ဥခေါက်ဆွဲတို့အားစစ်ဆေးခဲ့ရာတွင် ၎င်းခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟုသိရှိရပါသည်။
DOCA(ရန်ကုန်)