၁၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ခိုင်သဇင်၊ ဦးထက်မောင်ဆိုင်များ၌ xcite, Jumbo, Wah-Wah, mameeနှင့် Yum Yum အမှတ်တံဆိပ်ပါ ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားကြောင်း၊ ထောက်ခံချက်များပါဝင်ကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း
Powered by Drupal