Main menu

ဆန်ဆိုင်ကြီးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိ

Powered by Drupal

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေဘဲ အလွယ်တကူဝယ်ယူရရှိစေရေးအတွက် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)