စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများစားသောက်နေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးနစ်နာမှုမရှိစေရန် ကုန်စည်နှင့် အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော၊ မြန်မာစာတန်းမပါသော၊ သတ်မှတ်ထုတ်ကုန် ကုန်ဆုံးရက်မပါသောမုန့်များအား ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ဦးစားပေးကုန်စည် ၁၀မျိုးမှ မုန့်ဈေးတန်းတွင် ရောင်းချခြင်းရှိပါကလည်း စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၂၉ ညွှန်ကြားချက်နှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချရန် ဆိုင်ရှင်များနှင့် ဆရာ/ဆရာမများကို အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းတွင်ရောင်းချနေသော မုန့်ဈေးတန်းရှိမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး
Powered by Drupal