ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ချဉ်ပေါင်ရွက်ဈေးနှုန်း အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း နှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြရာတွင် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုး ရောင်းချလျက်ရှိကြပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်း မှာ ချဉ်ပေါင်ရွက် တစ်ပိဿာ လျှင်(၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေးတွင် ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)

















