ကန့်ဘလူမြို့အတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးခြောက် ဈေးနှုန်း
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
ကန့်ဘလူမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထအပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၅၀)ကျပ်သားလျှင်(၉၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀)ဈေးနှုန်း အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုပ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူ ထံမှ သိရှိရပါ သည်။
DOCA(စစ်ကိုင်း)

















