“တောင်ကြီးမြို့၊ အေးသာယာမြို့သစ်ဈေးတွင် သင်္ကြန်ကြို အတာအိုးများ အရောင်းသွက်”
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိဈေးတွင် နေ့စဉ်ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ စားသောက်ကုန်များ ရောင်းဝယ်လျက်ရှိ ရာ မကြာမီရောက်ရှိတော့မည့် အတာသင်္ကြန်ကာလအတွက် အတာအိုးများရောင်းချ နေကြောင်း တွေ့ရှိရပါသည်။ အတာအိုးဈေးနှုန်းများမှာ (1500 မှ 3000)ကျပ်အထိ အိုးအထူ/အပါး အပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရှိရပါသည်။
သင်္ကြန်ပွဲတော်ရောက်လျှင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် သင်္ကြန်ရောက်လာခြင်းနှင့် အတူ မြန်မာတို့ရဲ့ယဉ်ကျေးမှုအရ အတာအိုး(သင်္ကြန်အိုး/ ပရိတ်အိုး) များကို အိမ်တိုင်းလိုလိုတွင် ပြုလုပ်၍ အတာသင်္ကြန်ကို ကြိုဆိုလေ့ရှိကြသည်။ အတာအိုးအတွင်းတွင် (၇)နေ့နံ သား/သမီးများကို ကိုယ်စားပြုသည့် နေ့နံအလိုက်အရွက်များ၊ ပန်းများထည့်ကာ အတာအိုး(ပရိတ်အိုး)ပြုလုပ်၍ မိမိတို့ ၏နေအိမ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ကို အတာအိုးများဖြင့် ရိုးရာမပျက် ကြိုဆိုကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)

















