တနင်္သာရီတိုင်း မြိတ်မြို့ရှိ ရာသီပေါ်ကြက်မောက်သီး

   ကြက်မောက်သီးကို မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့်ကရင်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကြက်မောက်ပင် သည် မြေချဥ်များတွင် စိုက်ပျိုးကြပြီး မေလတတိယပတ်နှင့် ဇွန်လတွင် အများဆုံးဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်မောက်သီးမှည့်ချိန်တွင် ခူးဆွတ်ရန်မှာ ရက်ပေါင်း(၃၀)ခန့်လိုအပ် ပါသည်။ ကြက်မောက်သီးစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစာချေစနစ်များ ကောင်းမွန်စေခြင်း၊ နှလုံးရောဂါများနှင့် ဆီးချိုရောဂါများကို ပျောက်ကင်းစေနိုင်ပါသည်။ ယခု မေလတတိယပတ်တွင် ကြက်မောက်သီးများဖြစ်ထွန်းသော ရာသီဖြစ်သောကြောင့် ဈေးကောင်း များရရှိနေကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ မေလတတိယပတ်တွင် ကြက်မောက်သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၃၀၀) ကျပ်မှ (၅၀၀)ကျပ်ထိရှိပြီး ၂၀ပါတစ်စီးလျှင်(၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)