ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းဈေးကွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူကို တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချား မြို့နယ်များမှာ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လအကြာ ဖေဖော်ဝါရီလမှ မတ်လများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသော သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးချိန်ကိုတည်ပြီး သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဟာ ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်ရှိသည့်ကာလ ဖြစ်ပါတယ်။
ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူအား လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊ ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃ကိုဆိုရင် ဒေသတွင်းမှာအရောင်းအဝယ်လုပ်ပြီး မေလဒုတိယပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေး မှာ (လတ်ခြား) ကျပ် ၂၅၀၀၊ (ထူး-၁) ကျပ် ၃၀၀၀၊ (ထူး-၂) ကျပ် ၃၅၀၀၊ (ထူး-၃) ကျပ် ၄၀၀၀၊ (ထူး-၄) ကျပ် ၄၅၀၀၊ (ထူး-၅) ကျပ် ၅၀၀၀၊ (ထူးလွန်) ကျပ် ၆၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၂၈၀၀၊ (ထူး-၁) ကျပ် ၃၃၀၀၊ (ထူး-၂) ကျပ် ၃၈၀၀၊ (ထူး-၃) ကျပ် ၄၃၀၀၊ (ထူး-၄) ကျပ် ၄၈၀၀၊ (ထူး-၅) ကျပ် ၅၃၀၀၊ (ထူးလွန်) ကျပ် ၆၅၀၀ ရှိကြောင်းသိရှိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်ကြက်သွန်ဖြူစိုက်ဧက (၃၀၀၀၀) နီးပါး စိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ဧက (၂၉၆၁၅) ဧကစိုက်ပျိုးကာ အထွက်တန်ချိန်မှာ (၁၀၁၃၄၁)တန်ရှိ ပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူကို မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)

















