ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသော ငါးဈေး နှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ တီလားဗီးယားငါး အသေး(၁) ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)