သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ရာသီစာ ဟင်းသီးဟင်းရွက်များ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေး ဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  ဆူးပုတ်ရွက် (၁)စည်းလျှင် ၂၀၀ကျပ်၊ (၃)စည်းလျှင် ၅၀၀ကျပ်၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ (၁)ပုံလျှင် ၆၀၀ကျပ်၊ (၃)ပုံလျှင် ၁၆၀၀ကျပ်နှင့် (၅)ပုံလျှင် ၂၇၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ (၁) ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)