ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

    ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့စတင်ရောင်းချ ကြောင်း၊ မေလ တတိယပတ်အတွင်း ပန်းပွင့်ကြီးလျှင် (၁)စည်းကို ၇၀၀ကျပ်၊ (၃)စည်းကို ၂၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မေမြို့ပန်းတစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၆)စည်း လျှင်(၅၀၀၀) ကျပ် ဖြင့် ရောင်းချကြောင်း၊ မေမြို့ပန်းများ ရှားပါးလာသည့်အတွက်  အရောင်းသွက် လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)