ခွေးတောက်ရွက်အကြောင်းသိကောင်းစရာ
ခွေးတောက်ပင်ကို အင်္ဂလိပ်လို Green War Flower လို့ခေါ်ဆိုကြောင်း၊ ခွေးတောက် ပင်သည် မြန်မာနိုင်ငံ၌ အလေ့ကျပေါများစွာ ပေါက်ရောက်လေ့ရှိသည့် နှစ်ရှည်နွယ်ပင်မျိုးဖြစ် ပါသည်။ ယခုအခါမှာ စီးပွားဖြစ်စိုက်ပျိုးရောင်းချနေကြပြီး၊ အပွင့်မှာ စိမ်းဝါရောင်ရှိသော အပွင့်ငယ် များစုပြုံပွင့်ပြီး ပန်းခိုင်မှာကြားထွက်ပန်းခိုင်ဖြစ်ကာ ငိုက်ကျနေပါသည်။ ခွေးတောက်ရွက်ပုံစံသည် ရွက်ထိပ်ချွန်းပြီး နှလုံးပုံစံ(Heart Shape )ရှိပါသည်။ ဂွေးတောက်ပင်မှာ Polydhydroxy Pregneres Glycosides, Volubiloside A,B,C, drevogenin D စသည့်ဓာတ်များ များစွာပါဝင်ပါသည်။ ခွေးတောက်ပင်၏ အရွက်နှင့်အမြစ်ကို ဆီချိုဆေး၊ သန်ချဆေး၊ အသည်းအားဆေး၊ အရောင်ကျဆေး၊ ပြည်တည်နာပျောက်ဆေး စသည့် ဆေးများဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိပါသည်။
ခွေးတောက်ရွက်ကို စားသုံးရာတွင်အများအားဖြင့် ကြက်သားနှင့်ရော၍ ဟင်းရည်ချက် သောက်ကြလေ့ရှိပါသည်။ ထို့အပြင် ကြက်ဥနှင့်ဖြစ်စေ၊ ဘယာကြော်နှင့်ဖြစ်စေရော၍ ကြော်စားလေ့ ရှိပါသည်။ ဂွေးတောက်ရွက်စားသုံးခြင်းဖြင့် ဆီးချုပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ခြင်း၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကြပ်ရောဂါများကို သက်သာစေသည့်အပြင် အနာစိမ်း၊ သွေးစု နာများကိုလည်း မီးကင်၍ အနာကိုကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ခြင်း၊ အဖုအကျိတ် များဖြစ်ပေါ်လျှင် ခွေးတောက်ရွက်ကိုကြိတ်၍ အုံပေးထားခြင်းဖြင့် အဖုအကြိတ်များကိုသက်သာ ပျောက်ကင်းစေနိုင်ခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ ခြေလက်ကိုက်ခဲခြင်းများအတွက် ခွေးတောက်ရွက် ကို ထောင်း၍သော်လည်းကောင်း၊ ညှစ်၍သော်လည်းကောင်း ရလာသည့်သတ္တုရည်နှင့် သနပ်ခါး (သို့မဟုတ်)တောင်နံကြီးကို သွေး၍ ဒူကနေ ခြေဖျားအထိ လိမ်းပေးလျှင် ကိုက်ခဲနာကျင်မှုများကို သက်သာလျော့ပါးနိုင်ခြင်း၊ လေထိုးလေအောင့်၊ ဆီးချုပ်ဖြစ်ပါက ဟင်းချိုချက်သောက်၍ သော် လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း စားသုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပြီး အရက်သောက်သုံးသူများအနေဖြင့် ခွေးတောက်ရွက်ကို အကြာခဏစားပေးခြင်းဖြင့် အရက်၏ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်နိုင်သည့်ရောဂါများကိုလည်း လျော့ချပေးနိုင်ပါသည်။
ဆေးဖက်ဝင်၍ လူအများကြိုက်နှစ်သက်သောခွေးတောက်ရွက်ကို ဈေးများ၌အလွယ်တကူ ဝယ်ယူစားသောက်ပြီး ခွေးတောက်ရွက်ဈေးများအနေဖြင့် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ တစ်ဆယ် သားလျှင်(၁၀၀၀)ကျပ်များဖြင့် ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးရှိ ပျံကျဈေးတန်း တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
- Log in to post comments

















