ပန်းဂေါ်ဖီစားသုံးခြင်း၏အကျိုးကျေးဇူးများ
ပန်းဂေါ်ဖီသည် အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နှင့် အခြားသော နှစ်သက်ရာများနှင့် ကြော်စား၍ ရပါသည်။ ပန်းဂေါ်ဖီတစ်ပွင့်သည် အရွယ်အစား အကြီးအသေး အပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ် ၀န်းကျင်ခန့်ရှိပါသည်။
ပန်းဂေါ်ဖီဖြူ/စိမ်းကို စားသုံးခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ အစာခြေစနစ် ကို တိုးတက်ကောင်းမွန်စေခြင်းကြောင့် အစာအိမ်ကိုကျန်းမာစေပြီး အူထဲမှာရှိသည့်ကောင်းသော ဗက်တီးရီးယားအဆင့်ကို ထိန်းသိမ်းပေးခြင်း၊ ကိုလက်စထရောအဆင့်ကိုလျော့နည်းစေနိုင်ခြင်း၊ ဓာတ်မတည့်မှုကို တားဆီးပေးနိုင်ခြင်း၊ အမျှင်ဓာတ် ကြွယ်ဝခြင်း၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝခြင်း၊ အာဟာရဓာတ်များစွာပါ၀င်ခြင်း၊အရိုးများနှင့်သွားများကို တိုးတက်ကောင်းမွန် စေခြင်း၊ အသည်းကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ ဦးနှောက်အသိဉာဏ်ကို မြှင့်တင်ပေးခြင်း၊ အိုမင်းခြင်းကိုဆန့်ကျင်နိုင်သောအာနိသင်ရှိခြင်း၊ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း၊သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီခြင်း၊သွေးဖိအားနည်းခြင်းနှင့် ရောင်းရမ်းမှုကိုလျော့နည်းစေနိုင်ခြင်း၊ အမြင်အာရုံကိုတိုးတက်စေနိုင်ခြင်း၊ မျက်စိကျန်းမာရေး အတွက် အားကောင်းခြင်း စသောကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ယနေ့ခေတ် လူငယ် လူကြီးများအနေဖြင့် စားသုံးသင့်ပါသည်။
DOCA(ပဲခူး)
- Log in to post comments

















