ရှားစောင်းလက်ပတ်

ရှား‌စောင်းလက်ပတ်အပင်ကို နှစ်ပေါင်းထောင်ကျော်ကတည်းက ဆေးဖက်ဝင်အပင် အနေဖြင့် အသုံးပြုခဲ့ကြပြီးစိုက်ပျိုးရာတွင်လည်းအလုပ်မရှုပ်ဘဲ နေရာလည်းသိပ်မယူသည့်အတွက် အရေပြားအလှအပအတွက်အသုံးပြုကြပါသည်။ ရှားစောင်းလက်ပတ်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်ပြီး ထင်ရှားသောအပင်တစ်မျိုးဖြစ်ပါသည်။ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ အကျိုး ကျေးဇူးများသောကြောင့် ရှားစောင်းလက်ပတ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာ ခြင်းဖြစ်သည်။ ရှားစောင်းပင်သည်အစိမ်းရောင်ရှိပြီး အရွက်၏ဘေးတစ်ဖက်တစ်စီတွင် ဆူးလေး များအစီအရီပါဝင်နေပါသည်။ အပြင်ခွံကိုခွာလိုက်လျှင် အတွင်းဂျယ်လီသားများက စိမ်းဖန့်ဖန့် ကြည်ကြည်လေးရှိပြီး အရသာမှာခါးပါသည်။ ရှားစောင်းလက်ပတ်တွင် ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်နှင့် သကြားဓာတ်တို့ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ပိုးမွှားများကို သေစေနိုင်သောဓာတ်များပါဝင်ပါသည်။ ရှားစောင်းလက်ပတ်ကိုစားသုံးခြင်းဖြင့် သွေးတွင်း သကြား ဓာတ်ကျစေခြင်း၊ အရေပြားလှပစေခြင်း၊ မီးလောင်ဒဏ်ရာများကိုသက်သာစေခြင်း၊ သွားပြ ဿာနာ များကိုသက်သာစေနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။ ရှားစောင်း လက်ပတ်၏အတွင်းသားကိုဝက်ခြံပေါက်သည့်နေရာတွင် ကပ်ထားနိုင်သလို အထဲမှ ဂျယ်လ်ကဲ့သို့ အနှစ်များကို ဓားနှင့်ခွာခြစ်ပြီးဝက်ခြံကိုသုတ်လိမ်းပေးခြင်းဖြင့်လည်း ဝက်ခြံကို သက်သာစေနိုင်ပြီး၊ ရှားစောင်းလက်ပတ်ကို ပျားရည်နှင့်သမအောင်ရောမွှေပေးပြီး ရလာသောအနှစ်များကို မျက်နှာ ပေါ်သုတ်လိမ်းပေးခြင်းဖြင့်လည်း မျက်နှာအသားအရေကို ကြည်လင်ချောမွေ့စေပါသည်။ ရှားစောင်း လက်ပတ်ထဲတွင် သကြား၊ အုန်းဆီအနည်းငယ်ထည့်၍ Scurb တိုက်ပေးခြင်းဖြင့် လည်း ချွေးပေါက် ထဲတွင်ပိတ်နေသော အညစ်အကြေးများကိုဖယ်ရှားပေးပြီး အသားအရေကိုဖြူဝင်း လာစေပါသည်။ ရှားစောင်းလက်ပတ်ကို နေလောင်သည့်အသားအရေကို ကုသသည့်နေရာတွင် အသုံးပြုခြင်း၊ အစို ဓာတ်ထိန်းခရင်မ်အဖြစ်အသုံးပြုနိုင်ခြင်း၊ အနာကျက် မြန်ခြင်း၊ အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးခြင်း၊ ဝက်ခြံနှင့်အရေပြားကိုကာကွယ်ပေးခြင်း၊ မှဲ့ခြောက်နှင့် အမာရွတ်များကိုပျောက် ကင်းစေခြင်း၊ ဦးရေ ပြားနှင့်ဆံသားကိုအားဖြစ်စေခြင်း စသည့်အလှအပ ဆိုင်ရာကျန်းမာရေးအကျိုး ကျေးဇူးများစွာ ရရှိ စေနိုင်ပါသည်။
DOCA(မန္တလေး)