ငှက်ပျောသီးဖီးကြမ်း ဆေးဖက်ဝင်
ဘာစားစားရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းပူခြင်း၊ညဘက်အထိ အချဉ်ပြန်တက်ပြီး ညတွေဆိုအိပ်လို့မရခြင်း၊ အစာအိမ်အက်စစ်တွေ လည်ချောင်းအထိ တက်လာလျှင်လည်ချောင်းက ပူပြီးနာခြင်း၊ အစာအိမ်အချဉ်ပေါက်ရောဂါဖြစ်ခြင်းတို့အတွက် ငှက်ပျောသီးဖီးကြမ်း(အစိမ်း)၊အခွံ မခွာဘဲပါးပါးလှီးပြီး ပျားရည်နှင့် စိမ်ပြီးစားသုံးပေးပါက အစာအိမ်ကိုအလွှာတစ်ခုလိုဖုံးအုပ်ပေးပြီး အက်စစ်ဓာတ်ကိုလျှော့ချပေးခြင်း၊ လည်ချောင်းပူတာကိုသက်သာစေပြီးအနာတွေကိုလည်း သဘာဝ အတိုင်းကျက်စေခြင်းတို့ဖြစ်သည်။ တစ်ခါတစ်လေ ငှက်ပျောသီးကိုကြိတ်ပြီး အခြောက်လှန်းကာ ရေနွေးနှင့်ဖျော်သောက်ပေးခြင်းဖြင့်ရောဂါများကို သက်သာစေကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















