ဒူးရင်းသီး၏ကျန်းမာရေး
ဒူးရင်းသီးတွင် ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ B6၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကယ်လစီယမ်၊မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ဇင့် အစရှိသည့်ကျန်းမာရေး အကျိုးပြု သတ္တုဓာတ်၊ ဗင်တာမင် များစွာပါဝင်ပါသည်။ ထို့အပြင် ပရိုတင်း၊ ရေဓာတ်နှင့် Phytonutrientsဓာတ်တွေ လည်းပါဝင်သေး သည့်အတွက် ဒူးရင်းသီးကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူးတွေရရှိစေပါသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် အစာခြေဖျက်မှုကိုအထောက်အပံ့ပေးပြီး ဝမ်းချုပ်ခြင်းကိုသက်သာ စေခြင်း၊ ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာပါဝင်သည့်အတွက် နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုစေခြင်း၊ အိုမင်းမှုလက္ခဏတွေဖြစ်သည့် အရေးကြောင်း၊ အစက်အပျောက်ကြွက် သားလျော့ရဲလာမှု၊ ဆံပင်ကျွတ်ခြင်းတွေကိုနှေးကွေးစေခြင်း၊ နှစ်ကြိုက်စွာအိပ်ပျော်စေခြင်း၊ ကိုလက်စထရော ကိုလျှော့ချပေးနိုင်ခြင်း၊ ကင်ဆာနှင့်သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အရိုးများကိုသန်မာစေပြီး အရိုးပွရောဂါကိုကာကွယ်နိုင်စွမ်းရှိခြင်း စသည့်ကောင်းကျိုးတွေရရှိစေ ပါသည်။ဒူးရင်းသီးမှာပါဝင်သည့် အဆီဓာတ်သည် အခြားအသီးတွေထက် သုံးဆပိုများသောကြောင့် ကိုယ်အလေးချိန်များသူ၊ အဝလွန်နေသူတွေအနေနှင့်ကတော့ ဒူးရင်းသီးကို ရှောင်ရှားစေနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















