“မြန်မာနိုင်ငံအပေါ် ကျရောက်လာသော အယ်လ်နီညို”
အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်း မှာ ပင်လယ်ရေမျက်နှာ ပြင် အပူချိန် ပုံမှန်ထက် ပိုပူပြင်းလာသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အယ်လ်နီညို သည် ကမ္ဘာ့နေရာ အမျိုးမျိုးမှာ အပူချိန် မိုးရွာသွန်းမှု၊ မုန်တိုင်း နှင့် မိုးခေါင်မှုတွေ ပုံမှန် ထက်ပြောင်း လဲနိုင်ပါသည်။ မြန်မာနိုင်ငံအပေါ်တွင် သက်ရောက်မှု လများမှာ အပူချိန် ပိုမြင့်လာ နိုင်ခြင်း ၊ အပူလှိုင်း များဖြစ်ပေါ်နိုင်ခြင်း၊ မိုးရွာသွန်းမှုလျော့နည်းပြီး မိုးခေါင်နိုင်ခြင်း၊ စိုက်ပျိုးရေးနှင့် ရေသယံဇာတများ ထိခိုက်နိုင်ခြင်း၊ တောမီးနှင့် အပူချိန်ကြောင့်ဖြစ်သော ပြဿနာများပိုမို ဖြစ်ပေါ် လာနိုင်ခြင်းနှင့်အတူ လေထုအခြေ အနေများ ပြောင်းလဲ လာနိုင်ပါသည်။ အထူးသဖြင့် နွေရာသီ ကာလတွင် အပူချိန်မြင့် မားလာခြင်းကြောင့် လူနှင့်တိရိစ္ဆာန်များ၏ ကျန်းမာရေးအပေါ် အပူဒဏ်များ ဆိုးရွားစွာ ခံစားရစေ နိုင်ပါသည်။ အယ်လ်နီညို၏ ဆန့်ကျင်ဘက်မှာ လာနီညာဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာရေ ပုံမှန်ထက် အေးလာသည့်ဖြစ်စဉ်ဖြစ်သည်။ ယခု မြန်မာနိုင်ငံသည် အယ်လ်နီညို စက်ဝန်း တွင် ကျရောက်နေ ပါသဖြင့် လူသားများ ရေဓာတ် မပြတ်လပ်စေရန် ဓာတ်ဆားထုပ်များ နှင့် ဆေးဝါးများ အသင့်ဆောင် ထားသင့်ပါသည်။ ယနေ့ပစ္စုပ္ပန် (၂၀) ရာစုနောက်ပိုင်းတွင် လူသားများ၏ မဆင်မခြင် လုပ်ဆောင် မှုများကြောင့် အယ်လ်နီညိုသည် ပိုမိုဆိုးရွား အားကောင်းလျက်ရှိကြောင်း WMO, NOAA, IRI, ECMWF နိုင်ငံတကာအဖွဲ့အစည်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရန် သတိပေးနှိုးဆော် ထားပါသည်။
DOCA(မန္တလေး)
- Log in to post comments

















