ပန်းတနော်မြို့ ၌ စားအုန်းဆီ စနစ်တကျရောင်းချရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ လက်ကားကိုယ်စားလှယ်များမှ စားအုန်းဆီများ စနစ်တကျ ရောင်းချမှု ရှိ/မရှိနှင့် စျေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ နံနက်၉ နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊မြို့နယ်ပြန်/ဆက်၊ မြို့နယ် မြို့မိမြို့ဖများ နှင့် မြို့နယ်လက်ကားကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ကွက်များအတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့် ဆိုင်များသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ စစ်ဆေးစဉ် ပူးပေါင်းအဖွဲ့မှ စားအုန်းဆီ လက်ကားရောင်းချသူများအနေဖြင့် နေ့စဉ်ရရှိသော စားအုန်းဆီများကိုကျေးရွာများသို့ စာအုပ်ဖြင့် စနစ်တကျ ရောင်းချရန်၊လာရောက်ထုတ်ယူသည့် ကျေးရွာတာဝန်ခံများ အနေဖြင့်လဲ ကျေးရွာအိမ်ထောင်စုများသို့ အမှန်တကယ်သေချာစွာပြန်လည် ရောင်းချပေးရန်၊ ပြင်ပမှ စားအုန်းဆီများ ဝယ်ယူသိုလှောင် သိမ်းဆည်းခြင်းနှင့် စျေးနှုန်းမြှင့်တင် ရောင်းချခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ ရောင်းချရာတွင်လည်း အလေးချိန် မှန်ကန်စွာ ချိန်တွယ်ရောင်းချရန် စသည့် အချက်များကို အသိပေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။
DOCA(ဧရာဝတီ)

















