ယိုမျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ အသိပညာပေးဆောင်ရွက်
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးစည်သူသည် (၁၅.၁၀.၂၀၂၆) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ကျိုက်ထို မြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ “စုစုဖြိုး” သစ်သီးယိုစုံလုပ်ငန်းသို့ သွားရောက်ကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲ နိုင်ရေးနှင့် ဒေသတွင်းထုတ်ကုန်များ စံချိန်စံညွှန်းမီ ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင် ဒေါ်သန်းသန်းအေးနှင့် တွေ့ဆုံကာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစည်သူမှ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ကုန်ပစ္စည်းပေါ်တွင် ကုန်ပစ္စည်းအမျိုး အမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းများနှင့် သုံးစွဲရန် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့် သန့်ရှင်းသပ်ရပ်စွာ ဖော်ပြရန်၊ ထုတ်လုပ်မှု အဆင့်ဆင့်တွင် သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကို အသုံးပြုရန်နှင့် ဆိုးဆေး၊ ဓာတု ပစ္စည်းများ သုံးစွဲရာ၌ ခွင့်ပြုချက်များအတိုင်း စနစ်တကျ အသုံးပြုရန်၊ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မသန့်ရှင်းသော ထုတ်ကုန်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုရန်ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သည့် လုပ်ငန်းရှင်နှင့်ပတ်သက်သော တာဝန်များ၊ ဥပဒေများ၊ လုပ်ငန်းရှင်လက်ကိုင်ထားရမည့် ကျင့်ဝတ်များကိုလည်း အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)

















