အင်္ဂပူမြို့နယ်‌ နောက်မီးကျေးရွာအုပ်စုရှိ ပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် စားသုံးသူရေးရာဦးစီး ဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းသည်မိတ်ဖက်ဌာနဆိုင်ရာများအဖွဲ့၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အင်္ဂပူမြို့နယ် နောက်မီးကျေးရွာရှိ အိမ်ထောင်စုပေါင်း (၄၀၀)အတွက် စားအုန်းဆီပိဿာ (၂၀၀)ကို စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှု အား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေ များအား ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဒေသတွင်း ဆီရောင်းချမှု ကျယ်ကျယ်ပြန့် ပြန့်ရှိစေရးနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူး နိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်စေရေး စိစစ်ကြပ်မတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

DOCA ဧရာဝတီ