Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
စားသုံးသူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးဆီဖြန့်ဖြူးရောင်းချမှုစနစ် ပိုမိုစနစ်တကျရှိစေရေးအတွက် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် (၂၁.၁၀.၂၀၂၆) ရက်နေ့တွင် Sun Shine Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် မွန်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးတင်အောင်ကျော်က မွန်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် Capital Connect Co.,Ltd မှ Product Manager က Digital Platform အသုံးပြု၍ စားသုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်များ၊ စနစ်အတွင်း အသုံးပြုရမည့် နည်းလမ်းများနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို Video Clip ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသူများက Digital Platform အသုံးပြု၍ စားသုံးဆီ ဖြန့်ဖြူးရောင်းချရာတွင် သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။
အဆိုပါ စနစ်ကို အသုံးပြုခြင်းဖြင့် စားသုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်များ ပိုမို စနစ်တကျဖြစ်စေရေး၊ ဖြန့်ဖြူးမှုအခြေအနေများကို စနစ်တကျ စောင့်ကြည့်နိုင်ရေးနှင့် စားသုံးသူများထံသို့ စားသုံးဆီများ မှန်ကန်စွာ ဖြန့်ဖြူးရောက်ရှိစေရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
DOCA (မွန်)

















