ဇလွန်မြို့နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း စက်သုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများသို့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ(၁၃)ရက် နေ့လည် (၁၄:၀၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဇလွန်မြို့နယ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှ သတ်မှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ဈေးနှုန်းများဖြင့် စနစ်တကျ ရောင်းချစေရေး၊ အချင်အတွယ် ပြည့်ဝမှု ရှိ၊ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး၊ စက်သုံးဆီ ဝယ်ယူသူများအား မလိုအပ်ပဲဝယ်ယူခြင်းမရှိစေရေး၊ စနစ်တကျသတ်မှတ်ချက်များနှင့်အညီ ဝယ်ယူ စေရေး၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ၊ လယ်ယာသုံးထွန်စက်များ၊ ထော်လာဂျီများအား စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး၊ ပုဂ္ဂလိကယာဉ်များအား သတ်မှတ် ချက်နှင့်အညီ ရောင်းချရန် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း စက်သုံးဆီ အရောင်းဆိုင်များမှလည်း ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ဈေးနှုန်းများဖြင့် စနစ်တကျ ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA ဧရာဝတီ

















