ညောင်တုန်း မြို့တွင် အလှကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့ ဈေးနှင့် ရပ်ကွက်များအတွင်းရှိ အလှကုန်ဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဈေးကော်မတီဝင်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ် အသား အကြောင်းအရာများကို ဆေးဆိုင်နှင့် အလှကုန်ရောင်းချသည့် ဆိုင်ရှင်များအား ရှင်းလင်းပြောကြား၍ ကုန်စည်များအား စစ်ဆေးခြင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်တာဝန်ခံက စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ စားသုံးရန်နှင့်သုံးစွဲရန် မသင့်ကြောင်းကြော်ငြာထားသော အစားအသောက်၊ အလှကုန်နှင့်ဆေးဝါးများကို ရောင်းချခြင်း ရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်း မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လပ်မှု ရှိမရှိ၊ တားမြစ်အလှကုန်များ ရောင်းချမှု ရှိမရှိတို့တို့အား လိုက်လံစစ်ဆေးကာ ဈေးကွက်အတွင်း ဘေးအန္တရာယ်ကင်းရှင်စွာ ရောင်းချနိုင်ရန်မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)

















