ဖျာပုံမြို့နယ်ရှိ ကုန်ခြောက်ဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း
ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ စားသုံး သူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်အသင်းနှင့်အတူပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ( ၁၂ )ရက်နေ့၊ နံနက်(၁၀) နာရီတွင် ဖျာပုံမြို့ပေါ်ရှိ ကုန်ခြောက်ဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်အတွင်းရှိအရောင်းဆိုင်များတွင် ဘူးဆီများတွင် ကုန်အညွှန်း အမှတ်သားဆိုင်ရာ ဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်၏ အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု၊ ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည် နှင့် ပါဝင်မှုအချိုးအစား စသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)

















