လုပ်ငန်းရှင်များ အလေးထားလိုက်နာဖို့ စားသုံးသူကာကွယ်ရေးဥပဒေအား ကွင်းဆင်းအသိပညာပေးကြစို့

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများသည်  စားသုံးသူများကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့် အညီထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ (၁၅.၁၀.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော “ ကောင်းမွန် ”၊ “ပုလဲရွှေ” ၊“ရွှေပိတောက်” မြေပဲဆုံဆီထုတ်လုပ် ရောင်းချ သောလုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အခန်း(၁၀)ပုဒ်မ-၂၁ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန် ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိရန် ၊ အခန်း(၂၃)တားမြစ်ချက်များနှင့် အခန်း(၂၄)ပြဌါန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)