ပဲခူးတိုင်းဌာန၏ MSMEလုပ်ငန်းများနှင့်ဒေသထွက်ကုန်များ၏ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒေသတစ်ခုချင်းစီတွင် ကိုယ်ပိုင်သဘာဝ အရင်းအမြစ်များ၊ ရိုးရာဓလေ့များ၊ ထုတ်လုပ်မှုစွမ်းရည်များနှင့် ဒေသထွက်ကုန် များပိုင်ဆိုင်ထားကြသည်။ ထိုဒေသထွက်ကုန်များကိုအခြေခံ၍အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာခြင်းသည် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝကို မြှင့်တင် ပေးနိုင်သကဲ့သို့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသောအင်အားတစ်ရပ်ဖြစ် သည်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ် ငန်းနှင့်ကုန်သွယ်ရေးတို့အတွက် အလားအလာကောင်းများရှိသောဒေသတစ်ခုဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးနှင့်နီးကပ်ခြင်း၊ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်နိုင်ခြင်း၊ စိုက်ပျိုးမြေများနှင့် လူ့စွမ်းအားအရင်းအမြစ်များရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများစွာပိုင်ဆိုင်ထားသည်။ ထို့ကြောင့်ပဲခူးတိုင်းဒေသကြီး၏ MSMEလုပ်ငန်းများကို လေ့လာရာတွင် ဒေသထွက်ကုန်များ၏အရည်အသွေး၊ ထုတ်လုပ်မှုနည်းပညာ၊ ထုပ်ပိုးမှုစနစ်၊စျေးကွက်ချဲ့ထွင်မှုနှင့်ရေရှည်တည်တံ့သောစီးပွားရေးဖွံ့ဖြိုးမှုတို့ကို အလေး ထား စဥ်းစားရန်လိုအပ်သည်။ ဒေသထွက်ကုန်များကို အရည်အသွေးမြင့်မားသည့်ကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ပါက ပဲခူးတိုင်းဌာနီ၏အမည်ဂုဏ်သတင်းကို မြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာ စျေးကွက်သို့ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသောဒေသတစ်ခုဖြစ် သည်။ ဆန်စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့်အခြားစိုက်ပျိုးရေးထွက်ကုန်များသည် ဒေသစီးပွားရေးတွင်အရေး ပါသော အခန်းကဏ္ဍမှပါဝင်ကြသည်။ ထို့ပြင် တိရိစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေး၊ စားသောက် ကုန်ထုတ်လုပ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများသည်လည်း ဒေသ၏စီးပွားရေးလှုပ်ရှားမှုကို အထောက်အကူပြုကြသည်။ ပဲခူးတိုင်းဒေသကြီး၏စီးပွားရေးအလားအလာကိုမြှင့်တင်ပေးသည့် အားသာချက်တစ်ခုမှာကုန်ပစ္စည်းများကို ပြည်တွင်းစျေးကွက်များသို့ဖြန့်ဖြူးရောင်းချရန် အခွင့် အလမ်းရှိခြင်းဖြစ်သည်။ ရန်ကုန်ကဲ့သို့ လူဦးရေများပြားပြီးစားသုံးမှုမြင့်မားသော စျေးကွက်နှင့်ချိတ် ဆက်နိုင်ခြင်းကြောင့် ဒေသထွက်ကုန်များအတွက်ဝယ်လိုအားရရှိနိုင်သည်။ ထို့အပြင် စက်မှုဇုန်များ နှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာ ခြင်းသည်ဒေသတွင်းအလုပ်အကိုင်ဖန်တီးမှုနှင့် ကုန်သွယ်ရေးတိုးတက်မှုအတွက်အထောက်အကူ ဖြစ်စေသည်။ သို့ရာတွင် စိုက်ပျိုးရေးကုန်ကြမ်းများကို အခြေ အနေမပြောင်းလဲဘဲရောင်းချခြင်းသာ ပြုလုပ်နေပါကကုန်ကြမ်းစျေးနှုန်း အတက်အကျအပေါ် မှီခို နေရမည် ဖြစ်ပေသည်။ ထိုပြဿနာကို ဖြေရှင်းရန်ကုန်ကြမ်းများကိုသန့်စင်ခြင်း၊ ခွဲခြား အဆင့် သတ်မှတ်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် သင့်လျော်သောထုပ်ပိုး မှုများပြုလုပ်ခြင်းတို့ဖြင့် တန်ဖိုးမြှင့်တင်ရန်လိုအပ်သည်။ ဤလုပ်ငန်းစဥ်များတွင် MSME လုပ်ငန်း များသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်နိုင်သည်။ MSMEဆိုသည်မှာ Micro, Small and Medium Enterprisesကို အတိုကောက်ခေါ်ဆို ခြင်းဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဆိုလိုသည်။ ထိုလုပ်ငန်းများတွင် မိသားစုအခြေပြုထုတ်လုပ်မှုလုပ်ငန်းများ၊ အစားအသောက် ထုတ်လုပ်မှု၊ စက်မှုလက်မှု လုပ်ငန်းများ။ စိုက်ပျိုးရေးထွက်ကုန်ပြုပြင်ထုတ်လုပ်မှု၊ အဝတ်အထည်ချုပ်လုပ်ကိုင်မှုနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်နိုင်သည်။ MSME လုပ်ငန်းများသည် အရင်းအနှီးအကြီးစား လုပ်ငန်းများကဲ့သို့ စက်ရုံကြီးများမလိုအပ်ဘဲ ဒေသတွင်းရှိလူ့စွမ်းအားအရင်းအမြစ်၊ ကုန်ကြမ်းနှင့် ရိုးရာကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းစတင်နိုင်သည့်အားသာချက်ရှိသည်။ ထို့ကြောင့် လူငယ်များ၊ အမျိုးသမီးများ၊ မိသားစုလုပ်ငန်းရှင်များနှင့် ကျေးလက်ဒေသနေပြည်သူများအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တည်ထောင်နိုင်မည့်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ပဲခူး တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက စိုက်ပျိုးရေးထွက်ကုန်များကို ဝယ်ယူအသုံးပြုမည့် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုများပြားလာနိုင်သည်။ ဥပမာအားဖြင့် စပါးစိုက်တောင်သူများထံမှ စပါးဝယ်ယူသည့်ဆန်စက်လုပ်ငန်းများ၊ ပဲနှင့်နှမ်းများကိုသန့်စင် ထုပ်ပိုး သည့်လုပ်ငန်းများ၊ မွေးမြူရေးထွက်ကုန်များကိုအစားအသောက်အဖြစ် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ထွန်းလာနိုင်သည်။ ထိုသို့ဖြစ်ပေါ်လာခြင်းဖြင့် တောင်သူများအတွက်စျေးကွက်ပိုမို ကျယ်ပြန့်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းတိုးပွားလာမည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၏အရေးပါသောစိုက်ပျိုးရေးထွက်ကုန်များအနက် ဆန်စပါးသည် အဓိက ကျသည့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ဆန်စပါးသည် ပြည်သူများ၏နေ့စဥ်စားသောက်မှု အတွက် မရှိမဖြစ်လိုအပ်သည့် အစားအစာဖြစ်သကဲ့သို့ဆန်စက်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သည်လုပ်ငန်းနှင့်ထုပ်ပိုးရောင်းချရေးလုပ်ငန်းများကိုလည်း ဖြစ်ထွန်းစေသည်။ ပဲခူးတိုင်းအတွင်း စပါးကိုအခြေခံသည့် MSMEလုပ်ငန်းများတွင် ဆန်ကြိတ်ခွဲခြင်း၊ ဆန်အမျိုးအစားအလိုက်ခွဲခြားခြင်း၊ သန့်စင်ခြင်း၊ အိတ်များဖြင့်ထုပ်ပိုးခြင်း၊ ဆန်မှုန့်ထုပ်လုပ်ခြင်းနှင့် ဆန်ကွဲကိုအသုံးချသည့်လုပ်ငန်းများ ပါဝင်နိုင်သည်။ ထို့အပြင် စပါးခွံကိုလောင်စာအဖြစ်အသုံးချခြင်း၊ ဆန်ဖွဲကို တိရိစ္ဆာန်အစာနှင့် ဆန်ဖွဲဆီထုတ်လုပ်ရေးတွင် အသုံးပြုခြင်းတို့သည်လည်း ကုန်ကြမ်းတစ်မျိုးမှထုတ်ကုန် အမျိုးမျိုး ဖန်တီးနိုင်သည့် နည်းလမ်းများဖြစ်သည်။ အရည်အသွေးကောင်းမွန်သောဆန်များကို စျေးကွက် တွင်ယှဥ်ပြိုင်နိုင်ရန် စပါးမျိုးကောင်းရွေးချယ်ခြင်း၊ သင့်လျော်သောစိုက်ပျိုးနည်း စနစ်များအသုံး ပြုခြင်း၊ ရိတ်သိမ်းချိန်မှန်ကန်ခြင်း၊ အစိုဓာတ်ထိန်းချုပ်ခြင်းနှင့်သန့်ရှင်းသောသိုလှောင်ရုံများ အသုံးပြု ခြင်းတို့လိုအပ်သည်။ ထို့အပြင်ထုပ်ပိုးမှုတွင် ထုတ်လုပ်သည့်ဒေသ၊ ဆန်အမျိုးအစား၊ အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲတို့ကိုဖော်ပြပေးခြင်းဖြင့် စားသုံးသူများ၏ယုံကြည်မှုကိုတိုးမြှင့်နိုင်သည်။ ပဲခူး တိုင်းဒေသကြီးတွင် ပဲမျိုးစုံ၊ နှမ်းနှင့်အခြားဆီထွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းသည် MSMEလုပ်ငန်းများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစသည်။ ပဲမျိုးစုံကိုသန့်စင်ခြင်း၊ အရွယ်အစား ခွဲခြားခြင်း၊ အိတ်ငယ်များဖြင့်ထုပ်ပိုးခြင်းနှင့် စားသောက်ကုန်အဖြစ်ပြုပြင် ထုတ်လုပ်ခြင်းတို့ ပြုလုပ် နိုင်သည်။ နှမ်းမှနှမ်းဆီထုတ်လုပ်ခြင်း၊ နှမ်းလှော်နှင့် နှမ်းမှုန့်ပြုလုပ်ခြင်း၊ ပဲမှပဲမှုန့်နှင့် အခြား အစားအသောက်များ ထုတ်လုပ်ခြင်းတို့သည် ကုန်ကြမ်းတန်ဖိုးကိုမြှင့်တင်ပေးနိုင်သည်။ ထိုလုပ်ငန်း များတွင် စက်ကိရိယာသင့်လျော်မှု၊ သန့်ရှင်းရေးစံနှုန်းနှင့် ကုန်ကြမ်းအရည်အသွေးထိန်းချုပ်မှုတို့ကို အလေးထားရမည်ဖြစ်သည်။ ဒေသထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာရောင်းချခြင်းထက် စားသုံး ရန်အသင့်ဖြစ်သောထုတ်ကုန်များအဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ပါက ဒေသအတွင်းအလုပ်အကိုင် များ တိုးပွားလာမည်ဖြစ်သည်။ ထို့အပြင် ဒေသခံတောင်သူများနှင့်ကုန်ထုတ်လုပ်သူများအကြား တိုက်ရိုက်ချိတ်ဆက်မှုရှိလာပါက ကုန်ကြမ်းဝယ်ယူရေးနှင့် ရောင်းချရေးလုပ်ငန်းစဥ်များ ပိုမိုထိ ရောက်လာနိုင်သည်။ ဝါစိုက်ပျိုးရေးသည် ပဲခူးတိုင်းဒေသကြီး၏စိုက်ပျိုးရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်နိုင်သည့် အပိုင်းတစ်ခုဖြစ်သည်။ ဝါမှဝါဂွမ်းရရှိပြီး ဝါဂွမ်းကိုအခြေခံ၍ချည်မျှင်၊ အထည်အလိပ်နှင့် အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းများဆက်စပ် ဖြစ်ပေါ်လာနိုင်သည်။ ဝါစိုက်တောင်သူများ၊ ဝါကြိတ် ခွဲသည့်လုပ်ငန်းများ၊ ချည်ထည်ထုတ်လုပ်သူများနှင့် အထည်ချုပ်လုပ်ငန်းများကို ချိတ်ဆက် ပေးနိုင်ပါကကုန်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး ပိုမိုခိုင်မာလာနိုင်သည်။ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းများသည်လည်း ပဲခူးတိုင်းဒေသကြီး၏စီးပွားရေးတွင် အရေးပါသည်။ ကြက်၊ ဘဲ၊ ဝက်၊ နွားနှင့်အခြားမွေးမြူရေးလုပ်ငန်းများမှ အသား၊ ဥနှင့် အခြားထွက်ကုန်များရရှိနိုင်သည်။ ထိုထွက်ကုန်များကိုအခြေခံ၍ အသားခြောက်၊ ကြက်ဥထုတ်ကုန်၊ နို့ထွက်ပစ္စည်းနှင့် အခြားစား သောက်ကုန်များထုတ်လုပ်နိုင်သည်။ ထို့အပြင် ငါးမွေးမြူရေးနှင့် ငါးလုပ်ငန်းများမှရရှိသည့် ကုန် ကြမ်းများကို သန့်စင်ခြင်း၊ အအေးခန်းတွင် သိုလှောင်ခြင်း၊ အခြောက်ခံခြင်းနှင့် စားသုံးရန်အသင့် ဖြစ်အောင် ထုတ်လုပ်ခြင်းတို့ဖြင့် တန်ဖိုးမြှင့်တင်နိုင်သည်။ ဤလုပ်ငန်းများတွင် အစားအသောက် ဘေးကင်းလုံခြုံရေး၊ အအေးကွင်းဆက်စနစ်နှင့် သန့်ရှင်းသောထုတ်လုပ်မှုနေရာများသည် အလွန် အရေးကြီးသည်။ ပဲခူးတိုင်းဒေသကြီးတွင် ဒေသခံတို့၏ရိုးရာအစားအသောက်၊ မုန့်လုပ်ငန်း၊ အခြောက်အခြမ်းလုပ်ငန်း၊ လက်မှုပစ္စည်းလုပ်ငန်းနှင့်လူသုံးကုန်လုပ်ငန်းများကိူလည်းဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ရိုးရာအစားအသောက်များကို သန့်ရှင်းစွာထုတ်လုပ်ပြီးအရည်အသွေး တည်ငြိမ်သောထုပ်ပိုးမှုများပြုလုပ်နိုင်ပါက ခရီးသွားဧည့်သည်များနှင့် မြို့ပြစားသုံးသူများအကြား စျေးကွက်ရရှိနိုင်သည်။ ဒေသခံတို့၏ ရိုးရာအသိပညာနှင့်လက်မှုပညာများကို ခေတ်မီဒီဇိုင်း၊ အရည် အသွေးစံနှုန်းနှင့်ပေါင်းစပ်ခြင်းသည် ဒေသထွက်ကုန်များကိုအခြားဒေသထုတ်ကုန်များနှင့် ကွဲပြားစေ မည့်နည်းလမ်းတစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ရိုးရာပညာရပ်များ မပျောက်ကွယ်စေဘဲ လူငယ်မျိုးဆက်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဒေသထွက်ကုန်တစ်မျိုးသည် ကုန်ကြမ်းအဆင့်တွင်သာ ရောင်းချသည့်အခါရရှိနိုင်သော အကျိုးအမြတ်မှာအကန့်အသတ်ရှိနိုင်သည်။ သို့သော် ကုန်ကြမ်းကိုသန့်စင်ခြင်း၊ ပြုပြင် ထုတ်လုပ် ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ထုပ်ပိုးခြင်းနှင့် အမှတ်တံဆိပ်တည်ဆောက် ခြင်းတို့ပြုလုပ်ပါက ထုတ်ကုန်၏တန်ဖိုးကိုပိုမိုမြှင့်တင်နိုင်သည်။ ဒေသထွက်ကုန်များ အရည်အသွေးကောင်းမွန် ခြင်း သည် အရေးကြီးသော်လည်းထုတ်ကုန်ကောင်းတစ်ခု ဖြစ်ရုံမျှဖြင့် စျေးကွက်အောင်မြင်မှုကို အပြည့် အဝရရှိနိုင်မည်မဟုတ်ပေ။စားသုံးသူများထံသို့ ထုတ်ကုန်အကြောင်းမှန်ကန်စွာသိရှိစေရန်၊ ဝယ်ယူရ လွယ်ကူစေရန်နှင့် အခြားထုတ်ကုန်များနှင့်ကွဲပြားစေရန် စျေးကွက်ချဲ့ထွင်ရေး နည်းလမ်းများ လိုအပ်သည်။ ပဲခူးတိုင်းဒေသကြီး၏ MSME ထုတ်ကုန်များကိုနိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင် ရန်ရည်မှန်းပါက ပြည်တွင်းစျေးကွက်တွင် အရည်အသွေးတည်ငြိမ်မှုကိုဦးစွာ တည်ဆောက်သင့် သည်။ နိုင်ငံတကာစျေးကွက်များတွင် ဝယ်ယူသူများသည်ထုတ်ကုန်အရည်အသွေးသာမက ထုတ်လုပ်မှုစံနှုန်း၊ ထုပ်ပိုးမှု၊ ပို့ဆောင်မှုအချိန်မှန်ကန်ခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းတို့ကိုလည်း အလေးထားကြသည်။ ထို့ကြောင့် MSMEလုပ်ငန်းရှင်များသည် စျေးကွက်လိုအပ်ချက်များကို လေ့လာပြီးမိမိထုတ်ကုန်နှင့်ကိုက်ညီသော စျေးကွက်ကိုရွေးချယ်သင့်သည်။ ဥပမာအားဖြင့် ဆန်၊ ပဲနှင့် နှမ်းထုတ်ကုန်များအတွက်အရည်အသွေးစစ်ဆေးမှုနှင့် သန့်ရှင်းသောထုပ်ပိုးမှုစနစ်များကို အလေးထားရမည်ဖြစ်ပြီး အစားအသောက်ထုတ်ကုန်များအတွက် သက်တမ်း၊ သိုလှောင်မှုနှင့်အစား အသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကိုလိုက်နာရမည်ဖြစ်သည်။ ထို့ပြင် ဒေသထွက်ကုန်တစ်မျိုးကို နိုင်ငံတကာတွင် အသိအမှတ်ပြုခံရသောအမှတ်တံဆိပ်တစ်ခုအဖြစ် တည်ဆောက်ရန်အချိန်နှင့်ရင်းနှီးမြှုပ်နှံမှု လိုအပ်သည်။ ထုတ်ကုန်၏ထူးခြားချက်၊ ထုတ်လုပ်သည့် ဒေသ၏အရင်းအမြစ်များနှင့် ရိုးရာအမွေအနှစ်တို့ကိုထင်ရှားစွာဖော်ပြနိုင်ပါက ဝယ်ယူသူများ၏စိတ် ဝင်စားမှုကို ရရှိနိုင်သည်။ သို့ရာတွင် နိုင်ငံတကာစျေးကွက်သို့ဝင်ရောက်ခြင်းသည် ချက်ချင်းအောင် မြင်မည့် လုပ်ငန်းစဥ်မဟုတ်ပေ။ ပို့ကုန်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် စျေးကွက်ပြိုင်ဆိုင်မှုတို့ကို သေချာလေ့လာရမည် ဖြစ်သည်။ လုပ်ငန်းရှင်များ၊ တောင်သူများ၊ ကုန်သည်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါက အခက်အခဲများကိုပိုမိုထိရောက်စွာဖြေရှင်းနိုင်မည်ဖြစ်သည်။ ပဲခူးတိုင်းဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထွက်ကုန်များအပေါ်အခြေခံသည့် စီးပွား ရေးအလားအလာကောင်းများ ပိုင်ဆိုင်ထားသော ဒေသတစ်ခုဖြစ်သည်။ ဆန်စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါ၊ မွေးမြူရေးထုတ်ကုန်များနှင့် ရိုးရာအစားအသောက်များသည် ဒေသ၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခြေခံ အရင်းအမြစ်များဖြစ်ကြသည်။ ဒေသထွက်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသို့ ကူးပြောင်းနိုင်ပါက လုပ်ငန်းရှင်များ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး တောင်သူများအတွက်လည်း စျေးကွက်ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်း၊ လူငယ်များကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ တည်ထောင်နိုင်ခြင်းနှင့် ဒေသတွင်းဝင်ငွေစီးဆင်းမှုတိုးတက်လာခြင်းတို့ကို ဖြစ်ပေါ်စေ နိုင်သည်။ ပဲခူးတိုင်းဒေသကြီး၏ MSMEလုပ်ငန်းများကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေခြင်းသည် ဒေသစီးပွားရေးကိုသာမက နိုင်ငံ့စီးပွားရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ဒေသထွက် ကုန်ကို အရည်အသွေးမြှင့်တင်ခြင်း၊ ဒေသခံလုပ်ငန်းများကိုအားပေးခြင်းနှင့်စျေးကွက်သစ်များသို့ ချိတ်ဆက်ခြင်းတို့မှတစ်ဆင့် ပဲခူးတိုင်းဌာနီ၏ ထုတ်ကုန်များကို ပြည်တွင်းစျေးကွက်တွင်သာမက နိုင်ငံတကာစျေးကွက်တွင်ပါ ယုံကြည်စိတ်ချရသော ထုတ်ကုန်များအဖြစ်ရပ်တည်နိုင်စေရန်လည်းကြိုးပမ်းသင့်ပါသည်။ထိုသို့ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပဲခူး တိုင်းဌာနသည် ဒေသထွက်ကုန်များ၏ဂုဏ်သတင်းနှင့်အတူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါဟု ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
- Log in to post comments

















