ဆော်ဒီအာရေဗျ ဆန်စျေးကွက်အတွင်း အိန္ဒိယ၏ ကြီးစိုးမှုကို စိန်ခေါ်ရန် ပါကစ္စတန် ကြိုးပမ်းလာ
ပါကစ္စတန်နိုင်ငံသည် ဆော်ဒီဆန်ဈေးကွက်တွင် ၎င်း၏ ပို့ကုန်ဝေစုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပြီး ကုန်သွယ်ရေးနှင့် စည်းမျဉ်းဆိုင်ရာ အဟန့်အတားများကို ဖယ်ရှားရန်အတွက် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသစ်တစ်ရပ်ကို (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ) များတွင် အရှိန်တိုးမြှင့် ဆောင်ရွက်ရန် ဆော်ဒီအာရေဗျနှင့် သဘောတူညီခဲ့ကြသည်။ လက်ရှိတွင် ဆော်ဒီ၏ ဆန်တင်သွင်းမှု စုစုပေါင်း၌ အိန္ဒိယက ၉၀ ရာခိုင်နှုန်းခန့် လွှမ်းမိုးထားပြီး ပါကစ္စတန်က ၁၀ ရာခိုင်နှုန်းခန့်သာ ပံ့ပိုးထားနိုင်သည်။
ပါကစ္စတန်သည် ဘာစမတီဆန် (Basmati rice)၊ ဟာလာလ်အသား၊ မွေးမြူရေးထွက်ကုန် များနှင့် အစာစိမ်းများ တင်ပို့မှုကို တိုးမြှင့်ရန် ကမ်းလှမ်းထားသည့်အပြင် ခေတ်မီသားသတ်ရုံများနှင့် မွေးမြူရေးခြံများတွင် ဆော်ဒီ၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ထားသည်။ ထို့ပြင် အရည် အသွေး၊ ဈေးနှုန်း၊ ပမာဏနှင့် ထုပ်ပိုးမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက ပါကစ္စ တန်၏ လယ်ယာထွက်ကုန်များကို ပိုမိုဝယ်ယူရန် ဆော်ဒီဘက်က အဆင်သင့်ရှိကြောင်း အသိပေး ပြောကြားခဲ့သည်။ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ညီအစ်ကိုရင်းချာ ဆက်ဆံရေးကို ပြန်လည် အတည်ပြုခဲ့ပြီး ဆော်ဒီ စိုက်ပျိုးရေးဝန်ကြီး၏ မကြာသေးမီက ခရီးစဉ်နှင့် ပူးတွဲနည်းပညာအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Source: IREF (Indian Rice Exporter’s Federation) November 05, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















