ဖိလစ်ပိုင်၏ ဆန်ဝယ်လိုအားကြောင့် ကမ္ဘောဒီးယား ဆန်တင်ပို့မှု မြင့်တက်လာခြင်း

       အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံသည် တင်သွင်း ဆန် အရင်းအမြစ်များကို စုံလင်အောင် တိုးချဲ့ရှာဖွေလာသည်နှင့်အမျှ ဖိလစ်ပိုင်၏ မြင့်တက်လာ သော ဆန်ဝယ်လိုအားကြောင့် ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုမှာ ရုတ်တရက် ခုန်တက်သွားခဲ့သည်။ USDA အစီရင်ခံစာအရ ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ်အတွင်း အာဆီယံဒေသတွင်း ကမ္ဘောဒီးယား ကြိတ်ဆန်များ (Milled Rice) ကို အများဆုံး ဝယ်ယူသည့် ဈေးကွက်ဖြစ်လာခဲ့သည်။ 

      စာရင်းကိန်းဂဏန်း အချက်အလက်များအရ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဖိလစ် ပိုင်နိုင်ငံက ကမ္ဘောဒီးယားထံမှ ကြိတ်ဆန် တင်သွင်းမှု စုစုပေါင်းမှာ မက်ထရစ်တန် ၁၂၂,၁၀၂ တန် အထိ ရှိခဲ့ပြီး ယင်းမှာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး တင်သွင်းခဲ့သည့် မက်ထရစ်တန်ချိန် ၃,၅၀၀ နှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် ပထမ ၄ လ အတွင်း ကမ္ဘောဒီးယား မှ ဗီယက်နမ်သို့ စပါး (Paddy Rice) တင်ပို့မှုမှာ ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းသူဖြစ်သည့် ဖိလစ်ပိုင်သို့ ကြိတ်ဆန် တင်ပို့မှု မြင့်တက်လာခြင်းသည် ဗီယက်နမ်သို့ စပါးတင်ပို့မှု လျော့ကျသွားခြင်းနှင့် တစ်ချိန်တည်း ဖြစ်ပေါ်ခဲ့ကြောင်း USDA က ထောက်ပြထားသည်။

Source: IREF (Indian Rice Exporter’s Federation) November 05, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)