မြိတ်ဒေသ၏ MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ

          အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် MSMEs လုပ်ငန်းများသည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသ၏ စီးပွားရေးအခြေခံအုတ်မြစ်တစ်ရပ်အဖြစ် အရေးပါသည်။ ယင်းလုပ်ငန်းများတွင် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေး၊ ငါးခြောက်နှင့် ပုစွန်ခြောက်လုပ်ငန်း၊ ငါးပိနှင့် ငါးငံပြာရည်ထုတ် လုပ်ရေး၊ အစားအသောက်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ပါသည်။ MSMEs လုပ်ငန်းများ၏ အားသာချက်မှာ ဒေသတွင်းရရှိနိုင်သော ကုန်ကြမ်းများနှင့် လုပ်သားအင်အားကို အသုံးချနိုင်ခြင်း၊ မိသားစုအခြေပြု စီးပွားရေးလုပ်ငန်းများအဖြစ် စတင်ဆောင်ရွက်နိုင်ခြင်းနှင့် ဒေသ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် ရေထွက်ကုန်များကိုအခြေခံသည့် အသေးစားလုပ်ငန်းများသည် ကုန်ကြမ်းထုတ်လုပ်သူနှင့်နောက် ဆုံးစားသုံးသူအကြား တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်ပေးနိုင်သည်။ ဥပမာအားဖြင့် လတ်ဆတ်သောငါး များကို သန့်စင်ခွဲခြားခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ် တပ်ဆင်ခြင်းနှင့်လက်လီရောင်း ချခြင်းတို့ကို လုပ်ငန်းတစ်ခုတည်းအတွင်း သို့မဟုတ် ဆက်စပ်လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ပါက ဒေသတွင်း စီးပွားရေးလည်ပတ်မှု ပိုမိုကျယ်ပြန့်လာနိုင်မည်ဖြစ်ပါသည်။ MSMEs လုပ်ငန်းများ ရေရှည် ရပ်တည်နိုင်ရေးအတွက် အရည်အသွေးထိန်းချုပ်မှု၊ ထုတ်လုပ်မှုနည်းပညာ၊ စာရင်းအင်းနှင့် ငွေကြေးစီမံ ခန့်ခွဲမှု၊ ဈေးကွက်သုတေသန၊ ထုပ်ပိုးမှုနည်းပညာနှင့် ဒစ်ဂျစ်တယ်အရောင်းစနစ်များကို ပိုမိုအသုံးချ လာရန်လိုအပ်သည်။ အသေးစားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းတိုးချဲ့ရန်လိုအပ်သော အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ လျှပ်စစ်ဓာတ်အား၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ရရှိရေးတို့တွင် အခက်အခဲများ ကြုံတွေ့နိုင်သဖြင့် သင့်လျော်သော ချေးငွေစနစ်များ၊ နည်းပညာအကူအညီများ၊ သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများ ရရှိရေးသည် အရေးကြီးသော လိုအပ်ချက်များဖြစ်ကြာင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)