မြန်မာနိုင်ငံအတွင်းဒေသတစ်ခုနှင့်တစ်ခု လယ်ယာထွက်ကုန်သီးနှံများကို အရောင်းအဝယ် ပြုလုပ်ရာတွင်အသုံးပြုကြသည့် အချိန်အတွယ်စနစ်များမှာ ကွဲပြားကြလျက်ရှိပါသည်။ အချို့ဒေသများတွင် “ပိဿာ” ဖြင့်အရောင်းအဝယ်ပြုလုပ်ကြပြီး အချို့ဒေသများ၌ “တင်း”ဖြင့်သော်လည်းကောင်း၊ “ပေါင်”ဖြင့်သော်လည်းကောင်း၊ “တန်”ဖြင့်သော်လည်းကောင်း အရောင်းအဝယ်ပြုလုပ်ကြလျက်ရှိရာ ကယားပြည်နယ်အနေဖြင့် လယ်ယာထွက်ကုန်သီးနှံများကို အရောင်းအဝယ်ပြုလုပ်ရာတွင် “ပိဿာ”ဖြင့်အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။
အကယ်၍ မိမိတို့ဒေသတွင် စပါးများကို ပိဿာဖြင့်အရောင်းအဝယ်ဖြစ်ခဲ့မည်ဆိုပါစို့-
ဥပမာ- စပါးတစ်တင်းလျှင် (၄၆)ပေါင်၊မက်ထရစ်တစ်တန်လျှင် (၂၂၀၄.၆၁၂)ပေါင်ရှိပါသည်။ စပါးတစ်ပိဿာလျှင် (၁၂၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျှင်-
စပါးတစ်တင်း= ၄၆ ပေါင်
မက်ထရစ်တစ်တန်=၂၂၀၄.၆၁၂ ပေါင်
၃.၆ ပေါင်= ၁ ပိဿာ
၄၆ ပေါင်= ပိဿာ ?
= ၄၆ ပေါင် × ၁ ပိဿာ÷ ၃.၆ပေါင် = ၁၂.၇၈ ပိဿာဖြစ်ပါသည်။
ထို့ကြောင့် စပါးတစ်တင်း= ၁၂.၇၈ ပိဿာရှိပါသည်။
၃.၆ ပေါင်=၁ ပိဿာ
၂၂၀၄.၆၁၂ ပေါင်= ပိဿာ ?
=၂၂၀၄.၆၁၂ ပေါင် × ၁ ပိဿာ ÷ ၃.၆ ပေါင်
=၆၁၂.၃၉ ပိဿာဖြစ်ပါသည်။
ထို့ကြောင့် မက်ထရစ်တစ်တန်မှာ ၆၁၂.၃၉ ပိဿာရှိပါသည်။
ထို့ကြောင့် စပါးတစ်တင်း= ၁၂.၇၈ ပိဿာ၊ မက်ထရစ်တစ်တန်(၆၁၂.၃၉)ပိဿာရှိပါသည်။
စပါး ၁ ပိဿာ= ၁၂၀၀ ကျပ်
၁၂.၇၈ ပိဿာ= ကျပ် ?
=၁၂.၇၈ ပိဿာ×၁၂၀၀ ကျပ် ÷ ၁ပိဿာ = ၁၅၃၃၆ ကျပ်
ထို့ကြောင့် စပါးတစ်တင်း(၁၂.၇၈ ပိဿာ)= ၁၅၃၃၆ ကျပ်ဖြစ်ပါသည်။
တစ်တင်း= ၁၆ ပြည်
တစ်တင်း= ၁၅၃၃၆ ကျပ်ဖြစ်တယ်
၁၆ ပြည်= တစ်တင်း ရှိပါတယ်
၁၆ ပြည်=၁၅၃၃၆ ကျပ်
၁ ပြည်ဈေးနှုန်း= ကျပ် ?
= ၁၅၃၃၆ ကျပ်× ၁ပြည် ÷ ၁၆ ပြည်
= ၉၅၈.၅ ကျပ် ဖြစ်ပါသည်။
ထို့ကြောင့် စပါးတစ်ပြည်ဈေးနှုန်းမှာ(၉၅၈.၅) ကျပ်ဖြစ်ပါသည်။
မက်ထရစ်တစ်တန်=၂၂၀၄.၆၁၂ ပေါင်
မက်ထရစ်တစ်တန်=၆၁၂.၃၉ ပိဿာ
၁ ပိဿာ= ၁၂၀၀ ကျပ်
၆၁၂.၃၉ ပိဿာ= ကျပ် ?
= ၆၁၂.၃၉ ပိဿာ × ၁၂၀၀ကျပ် ÷ ၁ ပိဿာ
=၇၃၄၈၆၈ ကျပ်ဖြစ်ပါသည်။
ထို့ကြောင့် မက်ထရစ်တစ်တန်မှာ(၇၃၄၈၆၈)ကျပ်ဖြစ်ပါသည်။
ဤတွက်ချက်မှုများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှပေးပို့ထားသည့် သီးနှံများ၏ အမျိုးအစားအလိုက် တွက်ချက်မှုဆိုင်ရာဇယားမှ အခြေခံတွက်ချက်ခြင်းဖြစ်ပါသည်။ သီးနှံများ၏အမျိုးအစားအလိုက် တွက်ချက်မှုဆိုင်ရာဇယားမှ သီးနှံအချို့ဖော်ပြပေးလိုက်ပါသည်။
စဉ် |
သီးနှံအမည် |
တစ်တင်းရှိ(ပေါင်) |
မက်ထရစ်တစ်တန်ရှိ(တင်း) |
၁ |
စပါး |
၄၆ |
၄၇.၉၁ |
၂ |
ပြောင်းဖူးစေ့ |
၅၅ |
၄၀.၀၇ |
၃ |
မတ်ပဲ |
၇၂ |
၃၀.၆၁ |
၄ |
ပဲစင်းငုံ |
၇၂ |
၃၀.၆၁ |
၅ |
ပဲတီစိမ်း |
၇၂ |
၃၀.၆၁ |
၆ |
ပဲပုတ် |
၇၂ |
၃၀.၆၁ |
၇ |
ကုလားပဲ |
၆၉ |
၃၁.၉၄ |
၈ |
နှမ်း |
၄၅ |
၄၀.၈၁ |
၉ |
မြေပဲ |
အတောင့်-၂၅ အဆံ-၅၀.၅၅ |
အတောင့်-၈၈.၁၈ အဆံ-၄၃.၆၁ |
၁၀ |
နေကြာ |
၃၂.၄ |
၆၈.၀၄ |
DOCA(ကယား)