လွိုင်ကော် ခရမ်းသီး(ညို) ဈေးကွက်
ကယားပြည်နယ်တွင် ခရမ်းသီးသည် ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချနိုင်သည့် ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်ပြီး ပြည်သူမျး နေ့စဉ်စားသောက်မှုတွင်လည်းအသုံးများသည်။ ခရမ်းသီးသည် ဒေသခံစားသုံးသူများအတွက် အသုံးဝင်ပြီးဈေးကွက်အတွင်းရောင်းချနိုင် သည်။ ခရမ်းသီးစိုက်ပျိုးခြင်းသည် မြေယာအနည်းငယ်ရှိသော တောင်သူများအတွက်လည်း မိသားစု စားသုံးရန်နှင့် ပိုလျှံသည့်အသီးများကို ရောင်းချ၍ ဝင်ငွေရရှိရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။
ခရမ်းသီးဈေးကွက်တွင် တောင်သူများ၊ ကုန်စိမ်းပွဲစားများ၊ လက်ကားရောင်းချသူများ၊ လက်လီဈေးသည်များနှင့် စားသုံးသူများအကြား ကုန်သွယ်မှုဖြစ်ပေါ်လျက်ရှိသည်။ တောင်သူများ သည် မိမိတို့စိုက်ခင်းမှ ခူးဆွတ်ရရှိသော ခရမ်းသီးများကို ဒေသတွင်းဈေးများသို့ တိုက်ရိုက်ရောင်းချ နိုင်သကဲ့သို့ ကုန်စိမ်းရောင်းချသူများအကြား အရောင်းအဝယ်ပြုလုပ်ကြသည်။
ခရမ်းသီး၏ ရောင်းလိုအားသည် စိုက်ပျိုးရာသီ၊ ရာသီဥတုနှင့် အပင်၏ကြီးထွားမှုအခြေအနေ တို့အပေါ် မူတည်သည်။ ရာသီဥတုကောင်းမွန်ပြီး သီးနှံအထွက်များသောအချိန်တွင် ဈေးကွက်သို့ ခရမ်းသီးများ ပိုမိုဝင်ရောက်လာနိုင်သည်။ ထိုအခါ ဝယ်လိုအားထက် ရောင်းလိုအားများပါက ဈေးနှုန်းကျဆင်းနိုင်သည်။ အခြားတစ်ဖက်တွင် မိုးသည်းထန်ခြင်း၊ ပိုးမွှားကျရောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ခရမ်းသီးထွက်ရှိမှု လျော့နည်းလာပါက ဈေးကွက်တွင် ကုန်စည်ရှားပါးပြီး ဈေးနှုန်းမြင့်တက်နိုင်သည်။ ထို့ကြောင့် ခရမ်းသီးဈေးကွက်သည် ထွက်ရှိမှုပမာဏနှင့် စားသုံးသူဝယ်လိုအားအပေါ်မူတည်၍ ပြောင်းလဲနေသောဈေးကွက်တစ်ခုဖြစ်သည်။
ခရမ်းသီးသည် ခူးဆွတ်ပြီးနောက် အချိန်ကြာမြင့်စွာ အရည်အသွေးမပျက်ဘဲ ထိန်းထားရန် ခက်ခဲသောကြောင့် ရိတ်သိမ်းပြီးသည်နှင့် အချိန်မီရောင်းချရန်လိုအပ်သည်။ အသီးအရွယ်အစား ညီညာခြင်း၊ အရောင်ကောင်းမွန်ခြင်း၊ လတ်ဆတ်ခြင်းနှင့် ပိုးမွှားကြောင့် ပျက်စီးမှုမရှိခြင်းတို့သည် ဈေးကွက်တွင်ရောင်းချရာ၌ ဈေးနှုန်းပိုမိုရရှိနိုင်သည်။ တောင်သူများအနေဖြင့် အသီးများကို အရည်အသွေးအလိုက် ခွဲခြားထုပ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပါသည်။ ထို့အပြင် ဈေးကွက်အတွင်း ဝယ်လိုအားကို ကြိုတင်လေ့လာ၍ စိုက်ပျိုးထွက်ရှိမှုကို စီမံခန့်ခွဲခြင်းသည် ရောင်းချရာတွင်အကျိုးရှိ စေသည်။
ကယားပြည်နယ်၏ ခရမ်းသီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ရေးသာမက ကုန်စည်ဖြန့်ဖြူးမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်သတင်း အချက် အလက်ရရှိရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်သည်။ ဈေးကွက်တွင် ခရမ်းညိုသီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ဖြင့်ဈေးနှုန်းပေါက်လျက်ရှိကြောင်း လွိုင်ကော် မြို့နယ်အတွင်းရှိ လင်ဖုံလေး(ရှမ်းရွာ) ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ တောင်သူများအနေဖြင့် ဒေသတွင်းဈေးသည်များနှင့် ကြိုတင်ချိတ်ဆက်ထားပြီး ဝယ်လိုအားရှိသည့် အချိန်တွင် လတ်ဆက်သောခရမ်းသီးများကို ဈေးကွက်သို့ပေးပို့ရောင်းချနိုင်ပါက ထုတ်ကုန်ဆုံးရှုံးမှု ကို လျှော့ချနိုင်ပြီး မိသားစုဝင်ငွေတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
DOCA(ကယား)
- Log in to post comments

















