မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ထမင်းဆိုင်၊စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ဆုံဆိုင်များတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီ လက်ဆေးရန် ဘေစင်များ ရှိ/မရှိ၊ စားသုံးသူနှင့်စားသောက်ဆိုင်ပိုင်ရှင်များမှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်း ရှိ/မရှိ၊ တစ်ဦးနှင့် တစ်ဦး ၆ပေ အကွာတွင် ထားရှိခြင်းရှိ/မရှိနှင့် လက်သန့်ဆေးများ ထားရှိခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ လိုက်လံစစ်ဆေးခဲ့ကြပြီး ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်မှုမရှိသည့် ဆိုင်ပိုင်ရှင်များအား ပထမအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မွန်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန