ရဲယိုပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းများ၊ အရှေ့တောင်အာရှနိုင်ငံများ ၊ ဩစတေးလျနှင့် အိန္ဒိယနိုင်ငံတို့မှာ အများဆုံးပေါက်ရောက်ကြပါသည်။ ရဲယိုပင်သည် မြန်မာနိုင်ငံနေရာ အနှံအပြားတွင်ပေါက်ရောက်ပါသည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မိုးများ သောဒေသများ၌ အများဆုံးပေါက်ရောက်ပါသည်။ ရဲယိုပင်သည် အမြဲတမ်းစိမ်းနေသော အပင်တစ်မျိုး ဖြစ်သည်။ ရဲယိုပင်ကို ရှေးယခင်ကာလများကတည်းက ဆေးဖတ်ဝင်အပင်အဖြစ်အသုံးပြုခဲ့ကြပြီး အသီး နှင့် အရွက်တင်သာမက အပွင့်၊ အခေါက်နှင့် အမြစ်များပါဆေးဖက်ဝင်ပါသည်။
စာအုပ်၊စာတမ်းနှင့် ဆောင်းပါးများ
Post Date:
အရည်အသွေးအဆောက်အအုံစနစ်ကို ထူထောင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အပြုသဘောဆောင်သည့် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။ အရည်အသွေးအဆောက်အအုံစနစ်သည် နိုင်ငံတွင်းရှိစီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက် စေရေး၊ ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့စျေးကွက်တွင်ယှဉ်ပြိုင် နိုင်စေရေးတို့အတွက် မူဝါဒ များချမှတ်ရာတွင် အစိုးရအဖွဲ့အစည်းများအတွက် အထောက်အပံ့ဖြစ်စေရုံသာမက သဘာဝ အရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ၊ အစားအသောက်ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုတို့အတွက်လည်း အကျိုးရှိရှိ အသ
Post Date:
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ စားသုံးသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်အတွက် ရေရှည် တည်တံ့သော စားသုံးမှုအလေ့အထများ ပေါ်ပေါက်လာစေရေး၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစားပေးနယ်ပယ်များ သတ်မှတ်ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သည့် စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များနှင့် စနစ်တကျပူးပေါင်း ဆောင်ရွက်နိုင်ရေး တို့အတွက် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection P
Post Date:
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီသည် အာဆီယံ ဒေသတွင်းရှိ Online စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် ASEAN Online Business Code of Conduct အား ရေးဆွဲထုတ်ပြန် ထားရှိပါသည်။ အဆိုပါ Online Business Code of Conduct ရှိ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းချက် ၁၅ ချက် အား အောက်ပါ (.pdf) ဖိုင်တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်-
Source: aseanconsumer.org
Post Date:
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ASEAN Guidelines on Consumer Associations အား ရေးဆွဲ ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါ လမ်းညွှန်ချက်တွင် ဒေသတွင်း စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များ ပိုမိုပေါ်ထွန်းလာရေး၊ အသင်းအဖွဲ့များ ရေရှည်ရပ်တည် နိုင်ရန်အတွက် လိုအပ်သည့် အထောက်အပံ့များပေးအပ်ရေးနှင့် ဒေသတွင်းအသင်းအဖွဲ့များအ ကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး စသည့် လမ်းညွှန်ချက်များ ဖော်ပြပါရှိပါသည်။ အဆိုပါ လမ်းညွှန်ချက်အား အောက်ဖော်ပြပါ pdf file အား download ပြုလုပ်၍ လည်းကောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ website ဖြစ်သည့် www.aseancons
Post Date:
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ASEAN Online Dispute Resolution Guidelines အား ရေးဆွဲထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါ လမ်းညွှန်ချက်တွင် စားသုံးသူများ နှင့် လုပ်ငန်းရှင်များအနေဖြင့် နစ်နာဆုံးရှုံးမှုများကို လွယ်ကူချောမွေ့စွာနှင့် အချိန်ကုန်သက်သာ စွာဖြင့် တိုင်ကြားနိုင်ရန်နှင့် အငြင်းပွားမှုဖြေရှင်းဆောင်ရွက်နေစဉ်အတွင်း စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် လိုအပ်သည့်နည်းပညာဆိုင်ရာကူညီထောက်ပံ့မှုများ၊ ကူညီပေးမည့် ကြားခံအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ စသည်တို့ ဖော်ပြပါရှိပါသည်။

















