ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဒေါ်ဇွန်လေးနွယ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ဦးကျော်ကျော်မြင့် (အလုပ်အမှုဆောင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဟိန်းဇေယျာ စသည့်အဖွဲ့ဝင်များပူးပေါင်းကာ (၈-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အမှတ်(၁၉/၂၁) ကျောင်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wellness Vista Pharma Co.,Ltd Co., ltd မှ လုပ်ငန်းရှင် ဦးဆာဘူရောင်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆေးသိုလှောင်ရုံအတွင်းရှိ ဆေးများမှာ လူကြီးချွဲပျော်ဆေး၊ ကလေးချွဲပျော်ဆေး၊ ကလေးနှာဆေးပျောက်ဆေး၊ ကလေးဖျားနာပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများ၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှေင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)